ဒေသစံတော်ချိန် ၂လ၊၂၈ရက်၊အမေရိကန်နိုင်ငံ၊အိမ်ဖြူတော်နှင့်ကာကွယ်ရေးဝန်ကြီး ဌာနတို့မှ၊အမေရိကန်နိုင်ငံမှနျူကလီးယားသတိပေးချက်အဆင့်အားတိုးမြှင့်သွားမည်မဟုတ်ဟုထုတ်ဖော်ပြောဆိုခဲ့ပါသည်။အိမ်ဖြူတော်မှ၊အမေရိကန်နိုင်ငံနှင့်နေတိုးအဖွဲ့တို့သည်ရုရှားနှင့်တိုက်ရိုက်ရင်ဆိုင်လိုခြင်းမရှိကြောင်းဖော်ပြခဲ့ပါသည်။နျူကလီးယားသတိပေးချက်အဆင့်တိုးမြှင့်ခြင်းသည်လွန်စွာအန္တရာယ်များပြီး၊မှားယွင်းစွာဆုံးဖြတ်မှုများလည်းဖြစ်လာနိုင်ချေရှိသဖြင့်၊အစွမ်းကုန်ရှောင်ရှားသွားရန်လိုအပ်ပါသည်။