邹立莹

၃၁ ကြိမ်မြောက် ကမ္ဘာ့ တက္ကသိုလ် ကျောင်းသားကျောင်းသူများ နွေရာသီ အားကစားပြိုင်ပွဲ၏ မီးညှိ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို စီချွမ်းပြည်နယ်တွင် ကျင်းပခဲ့

(GMT+08:00)2022-02-25 14:09:54  

၃၁ ကြိမ်မြောက် ကမ္ဘာ့ တက္ကသိုလ် ကျောင်းသားကျောင်းသူများ နွေရာသီ အားကစားပြိုင်ပွဲ၏ မီးညှိ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို စီချွမ်းပြည်နယ်တွင် ကျင်းပခဲ့_fororder_微信图片_20220225132009

၃၁ ကြိမ်မြောက် ကမ္ဘာ့ တက္ကသိုလ် ကျောင်းသားကျောင်းသူများ နွေရာသီ အားကစားပြိုင်ပွဲ၏ မီးညှိ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို စီချွမ်းပြည်နယ်တွင် ကျင်းပခဲ့_fororder_微信图片_20220225132018

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်တွင် ၃၁ ကြိမ်မြောက်  ကမ္ဘာ့ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ နွေရာသီ အားကစားပြိုင်ပွဲ၏ မီးညှိ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို စီချွမ်း ပြည်နယ် ချန်ဒူးမြို့၌ ကျင်းပခဲ့သည်။ မီးညှိခြင်းကို ယခုနှစ် ဇန်နဝါရီလတွင် ပထမအကြိမ် ကမ္ဘာ့ တက္ကသိုလ် ကျောင်းသားကျောင်းသူများ နွေရာသီ အားကစားပြိုင်ပွဲ၏ အိမ်ရှင်မြို့ဖြစ်သည့် အီတလီနိုင်ငံ တူရင်မြို့တွင် မီးညှိယူခဲ့သည်။ ဤအကြိမ် တက္ကသိုလ် ကျောင်းသားကျောင်းသူများ အားကစားပြိုင်ပွဲကို ယခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ချန်ဒူးမြို့၌် ဖွင့်လှစ်မည်ဖြစ်သည်။