朱蕾

အားကစားရဲ့“ရွှေတံဆိပ်လေး”ကိုလူမှုဖွံ့ဖြိုးရေးတိုးမြှင့်ပေးတဲ့ “ရွှေတံဆိပ်ကြီး” ဖြစ်လာစေ

(GMT+08:00)2022-02-24 10:20:44  

အားကစားရဲ့“ရွှေတံဆိပ်လေး”ကိုလူမှုဖွံ့ဖြိုးရေးတိုးမြှင့်ပေးတဲ့ “ရွှေတံဆိပ်ကြီး” ဖြစ်လာစေ_fororder_src=http%3A%2F%2Fww1.sinaimg.cn%2Fmw690%2F006wHD32ly1gz32fxeozyj334h230qv6&refer=http%3A%2F%2Fwww.sina

အားကစားရဲ့“ရွှေတံဆိပ်လေး”ကိုလူမှုဖွံ့ဖြိုးရေးတိုးမြှင့်ပေးတဲ့ “ရွှေတံဆိပ်ကြီး” ဖြစ်လာစေ_fororder_src=http%3A%2F%2Fww1.sinaimg.cn%2Fmw690%2F006wHD32ly1gz32fxt2f0j31zi1bo1kx&refer=http%3A%2F%2Fwww.sina (1)

ရွှေတံဆိပ်သည်အားကစားစိတ်ဓါတ်အစဉ်အမြဲယှဉ်ပြိုင်နေသည့်ပထမဆုံးသောသရုပ်မှန် ပုံသဏ္ဍာန်ဖြစ်သည်သာမက၊၎င်းသည်အားကစားလုပ်ငန်း၊အားကစားယဉ်ကျေးမှု၊အားကစားသံတမန်ဆက်ဆံရေးစသည်တို့တွင်လည်းအပြုသဘောဆောင်သောတွန်းအားပေးသက်ရောက်မှုများရှိနေပါသည်။

သို့သော်၊ကျွန်တော်တို့သည်လည်းသေချာရှင်းလင်းပြတ်သားစွာသိရှိသင့်သည်မှာ၊ရွှေတံဆိပ်သည်အားကစား၏တစ်ခုတည်းသောအဓိပ္ပါယ်မဟုတ်ပါဘူး။အိုလံပစ်အားကစားပြိုင်ကွင်းများတွင် လင်းလက်တောက်ပနေသည်မှာဆုတံဆိပ်များသာမဟုတ်ပါ။အားကစားပြိုင်ကွင်းတွင်အောင်မြင်မှုများရရှိခြင်းသည်၊မိမိကိုယ်ကိုတိုးတက်လာစေခြင်း၊ရဲဝံ့စွာရှေ့သို့ချီတက်ခြင်းဆိုသည့်ပြင်းပြစွာ ရုန်းကန်ခြင်းနှင့်အိပ်မက်ပြည့်ဝစေရန်ကြိုးစားခြင်း၊မိမိကိုယ်ကိုရင်ဆိုင်ကျော်ဖြတ်ခြင်းတို့၏စိတ်ဓါတ်လေ့ကျင့်မှုတို့ကြောင့်ဖြစ်ပါသည်။

ယနေ့အထိ၊ဘေကျင်း၂၀၂၂ခုနှစ်ဆောင်းရာသီအိုလံပစ်ပွဲတော်တွင်၊တရုတ်နိုင်ငံအားကစားကိုယ်စားလှယ်အဖွဲ့သည်ရွှေတံဆိပ်(၆)ခုရရှိထားပြီဖြစ်ပါသည်။ဓမ္မဓိဌာန်ကျကျကြည့်မည်ဆိုလျှင်၊ဆောင်းရာသီအိုလံပစ်ပွဲတော်တွင်၊တရုတ်နိုင်ငံအားကစားကိုယ်စားလှယ်အဖွဲ့သည်နွေရာသီအိုလံပစ်ပွဲတော်တွင် ရရှိခဲ့သောဆုတံဆိပ်အရေအတွက်မျိုးရရှိရန်မဖြစ်နိုင်သော်လည်း၊ရွှေတံဆိပ်အရေအတွက်အပေါ်ထားရှိသောသဘောထားသည်၊ပိုမိုနက်ရှိုင်းသောအဓိပ္ပါယ်များရှိနေသင့်ပါသည်။

ဤသို့ဆိုလျှင်၊ယခုတစ်ကြိမ်ပွဲတော်ကြီးသည်ကျွန်တော်တို့အတွက်မည်သည့်အရာများ သယ်ဆောင်လာသနည်း?

ပထမဦးစွာ၊ရေခဲနှင်းအားကစားလူသိများလာခြင်းနှင့်ဖွံ့ဖြိုးတိုးတက်လာခြင်းပါပဲ။ဘေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်သည်ပိုမိုများပြားသောတရုတ်လူမျိုးများအားရေခဲနှင်းအားကစားအပေါ်ပိုမိုရင်းနှီးလာစေခဲ့ပါသည်။သတင်းအချက်အလက်များအရ၊လက်ရှိတရုတ်နိုင်ငံနှင်းလျောစီးဈေးကွက်တွင်လူဦးရေပါဝင်နှုန်းမှာ(၁%)သာရှိပြီး၊ဆွီဒင်နိုင်ငံ၏(၃၅%)နှင့်နှိုင်းယှဉ်ပါကကွာခြားချက်လွန်စွာကြီးမားပါသည်။ဂျပန်နိုင်ငံ၏(၉%)၊အမေရိကန်နိုင်ငံ၏(၈%)တို့နှင့်နှိုင်းယှဉ်ပါကလည်းကွာခြားချက် မနည်းကြောင်းတွေ့နိုင်ပါသည်။သို့သော်၊အကယ်၍၊ဤကွာခြားချက်များအားရှုထောင့်ပြောင်းကာ ကျွန်တော်ကြည့်မည်ဆိုလျှင်၊လွန်စွာကြီးမားသောတိုးတက်နိုင်စွမ်းရှိသေးကြောင်းတွေ့ရမည်ဖြစ်ပါသည်။ဥပမာဆိုလျှင်၊ဆောင်းရာသီအိုလံပစ်ကျင်းပခွင့်မလျှောက်တင်မီတွင်၊ကျန်းကျားခိုပြိုင်ကွင်းဇုန်တွင်နှစ်စဉ်လာရောက်နှင်းလျောစီးသူဦးရေသည်(၂)သိန်းခန့်သာရှိပြီး၊လက်ရှိတွင်၊(၂)သန်းထိ ရောက်နေပြီဖြစ်ပါသည်။

ဒုတိယအနေနှင့်၊ရေခဲနှင်းအားကစားသည်မြို့ပြအဆောက်အအုံနှင့်လုပ်ငန်းများတိုးတက်ရေးအားတိုးမြှင့်ပေးနိုင်ခဲ့ပါသည်။ယခုနှစ်များတွင်၊တရုတ်နိုင်ငံတွင်နှင်းရေခဲအားကစားခေတ်စားမှုကြီးပေါ်ပေါက်လာပါသည်။“လူဦးရေသန်း(၃၀၀)နှင်းရေခဲအားကစားပါဝင်လာစေရေး”ဆိုသည့်ရည်မှန်း ချက်အကောင်အထည်ပေါ်ခဲ့ပြီဖြစ်ပါသည်။ဘေကျင်းဆောင်းရာသီအိုလံပစ်ကျင်းပခွင့်လျှောက်ထားခဲ့သည်မှ၂၀၂၁ခုနှစ်၁၀လပိုင်းထိ၊တရုတ်နိုင်ငံတွင်ရေခဲနှင်းအားကစားတွင်ပါဝင်ဆင်နွှဲခဲ့သူဦးရေသည်(၃၄၆)သန်းရှိပါသည်။ထို့ပြင်၊တရုတ်နိုင်ငံ၏ရေခဲနှင်းပါဝင်ဆင်နွှဲသူဦးရေသည်တစ်နှစ်ထက်တစ်နှစ်တိုးတက်နေသည့်အနေအထားတွင်ရှိနေပြီး၊တရုတ်နိုင်ငံ၏နှင်းလျောစီးကွင်းများသည်လည်းတစ်နှစ်ထက်တစ်နှစ်ပိုမိုများပြားလာပါသည်။ဘေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကျော်လွန်ပြီးနောက်တွင်၊ကျန်းကျားခို၊ယန်ချင့်ပြိုင်ကွင်းဇုန်များ၏အိုလံပစ်အဆင့်ရှိပရော်ဖက်ရှင်နယ်ပြိုင်ကွင်းများ သည်ရေခဲနှင်းဝါသနာရှင်များ၏မကြာခဏလာရောက်သည့်နေရာဖြစ်လာမည်ဟုယုံကြည်ပါသည်။

တတိယအနေနှင့်၊ရေခဲနှင်းအားကစားသည်လူ့ဘောင်အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွန်အားသစ်များဖြည့်တင်းပေးခဲ့ပါသည်။ရေခဲပြင်နှင်းတောတွေကလည်းရွှေတောင်ငွေတောင်တွေပါပဲ။၎င်းတို့သည်ရေခဲနှင်းစီးပွားရေး၏ဖွံ့ဖြိုးတိုးတက်မှုအားမြှင့်တင်ပေးနိုင်ခဲ့ပါသည်။ဘေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်၏အဓိကအချက်သည်တရုတ်အားကစားသမားများရွှေတံဆိပ်မည်မျှရရှိသည်ဆိုခြင်းမဟုတ်ဘဲ၊၎င်းမှအနာဂတ်တွင်တရုတ်နိုင်ငံစီးပွားရေး၊လူ့ဘောင်အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်တက်ကြွမှုနှင့်အရှိန်အဟုန်များဖြည့်တင်းပေးနိုင်ရန်ဖြစ်ပါသည်။ဘေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်သည်ပြည်သူလူထုသန်း(၃၀၀)ကျော်အားရေခဲနှင်းအားကစားသို့ပါဝင်ဆင်နွှဲလာစေခဲ့ပြီး၊ရေခဲနှင်းအားကစားထွန်းကားမှုသည်လည်းအားကစားအင်အားကြီးနိုင်ငံအဖြစ် တည်ဆောက်နိုင်ရန်အတွက်ကြီးမားသောအားပေးမှုကြီးဖြစ်လာမည်ဖြစ်သည်။

အားကစားကိုလွန်၍အားကစားကိုကြည့်ခြင်း၊ရွှေတံဆိပ်ကိုလွန်၍ရွှေတံဆိပ်နှိုင်းယှဉ်ခြင်း။တရုတ်နိုင်ငံအားကစားလုပ်ငန်းနှင့်ကုန်ထုတ်လုပ်မှုများ၏ဖွံ့ဖြိုးတိုးတက်မှုသည်၊ပိုမိုအမျှော်အမြင်ရှိသောအမြင်၊ကျယ်ပြန့်သောစိတ်ထားများရှိရန်လိုအပ်ပြီး၊ဘေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်အားအခွင့်အရေးတစ်ရပ်အဖြစ်၊ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများအားမြဲမြံစွာဆုပ်ကိုင်လျက် အားကစား၏“ရွှေတံဆိပ်လေး”အား၊လူ့ဘောင် အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးကိုတိုးမြှင့်ပေးသော“ရွှေတံဆိပ်ကြီး”ဖြစ်လာစေမည်ဟုယုံကြည်ပါသည်။