မျက်မှောက်ယူကရိန်း အခြေအနေနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ဘက်အသီးသီးတို့ အနေနှင့် သဘောကွဲလွဲမှုကို ဖြေရှင်းရန် စေ့စပ်ဆွေးနွေးပွဲဖြင့် တင်းမာသောအခြေအနေကို လျှော့ပေါ့စေရန် တရုတ်နိုင်ငံက ထပ်မံ ပန်ကြားကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။
၂၂ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး ယူကရိန်းအရေးကိစ္စနှင့် ကိုရီးယားကျွန်းဆွယ် နျူကလီးယား ပြဿနာနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။