တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးသည် ယခုလ ၂၃ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲကို ကျင်းပသည်။ လက်ရှိ ရှုပ်ထွေးပြီး ခက်ခဲတင်းမာသော ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ကမ်း အခြေအနေနှင့် ကပ်ရောဂါအခြေအနေ၏ ထိခိုက်မှုခံရသော်လည်း ပြည်မကြီးသို့ လာရောက် ပညာ ဆည်းပူးလေ့လာသည့် ထိုင်ဝမ်ကျောင်းသားကျောင်းသူဦးရေ ဆက်တိုက် တိုးလာသည်။ ယင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ မာရှောင်ကွမ်းက မကြာခင်နှစ်များတွင် ပြည်မကြီး တက္ကသိုလ်ကောလိပ်ကျောင်းများသည် ပထမတန်းစား တက္ကသိုလ်နှင့် ပထမတန်းစား ဘာသာရပ် ထူထောင်ရေးကို အရှိန်မြှင့် တွန်းအားပေးပြီး ကျောင်းထောင်သည့် အရည်အသွေး အဆက်မပြတ် တိုးမြင့်လာကြောင်း၊ ပြည်မကြီး စီးပွားရေးနှင့် လူမှုရေး ဆက်တိုက် ဘက်စုံ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ထိုင်ဝမ်ကျောင်းသားကျောင်းသူများ အတွက် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်ကောင်းများစွာကို ဖန်တီးပေးခဲ့ပြီး ဆက်လက် ဖန်တီးပေးမည်ဟုလည်း မိမိတို့ ယုံကြည်ကြောင်း၊ ထိုင်ဝမ် ကျောင်းသားကျောင်းသူများသည် မှန်ကန်သည့် ရွေးချယ်မှုကို ပြုလုပ်ပြီး အခွင့်ကောင်းကို လက်မလွှတ်ဘဲ အနာဂတ်ကို ရှေးရှုရရှိရန် မျှော်လင့်ကြောင်းလည်း ပြောကြားသည်။