洪荃诠

ဟောင်ကောင် RCEP သို့ ပါဝင်ရန် လျှောက်လွှာ တရားဝင် တင်သွင်းပြီ

(GMT+08:00)2022-02-23 17:50:40  

ဟောင်ကောင် RCEP သို့ ပါဝင်ရန် လျှောက်လွှာ တရားဝင် တင်သွင်းပြီ_fororder_a8014c086e061d95ed1a6d42a7f1e4d862d9ca78

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ စက်မှုနှင့်ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် လူရှီရှုံသည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အွန်လိုင်းဆွေးနွေးပွဲတွင် ပြောကြားရာ၌ ဟောင်ကောင်အစိုးရသည် ယခုနှစ် ဇန်နဝါရီလလယ်တွင် “ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ်” (RCEP) သို့ ပါဝင်ရန် လျှောက်လွှာကို တရားဝင် တင်သွင်းပြီဖြစ်ပြီး ၁၈ လ ခန့်အကြာတွင် ပါဝင်မည်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါသည်။
လူရှီရှုံက လက်ရှိအချိန်တွင် ဟောင်ကောင်နှင့် RCEP စီးပွားရေးအုပ်စုအကြား ကုန်သွယ်ရေးပမာဏမှာစုစုပေါင်း အမေရိကန်ဒေါ်လာ ၉၆၂.၆ ဘီလီယံဖြစ်ပြီး ဝန်ဆောင်မှုပမာဏမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၃ ဘီလီယံဖြစ်ကာ ဟောင်ကောင်၏ ကုန်သွယ်မှုစုစုပေါင်းပမာဏ၏ ၆၀ ရာခိုင်နှုန်းရှိကြောင်း၊ RCEP သို့ ပါဝင်ခြင်းသည် ဟောင်ကောင်၏ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေရုံသာမက အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက်လည်း စီးပွားကုန်သွယ်ရေးအခွင့်အလမ်းများကို ဆောင်ကြဉ်း ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။