洪荃诠

ပြည်သူများအား ထိပ်တန်းအကျဆုံး ထားခြင်းဟူသော အဓိကဆောင်ပုဒ်ဖြင့် ဗီဒီယို ဆွေးနွေးပွဲ ကျင်းပ

(GMT+08:00)2022-02-23 17:59:05  

ပြည်သူများအား ထိပ်တန်းအကျဆုံး ထားခြင်းဟူသော အဓိကဆောင်ပုဒ်ဖြင့် ဗီဒီယို ဆွေးနွေးပွဲ ကျင်းပ_fororder_微信图片_20220223104215

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် ဆွစ်ဇာလန်နိုင်ငံရှိ အခြားနိုင်ငံတကာအဖွဲ့အစည်းများ ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့နှင့် ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပြည်သူ့အစိုးရ တို့သည် ပြည်သူများအား ထိပ်တန်းအကျဆုံး ထားခြင်းဟူသော အဓိကဆောင်ပုဒ်ဖြင့် ရှင်းကျန်းဒေသသည် နေရာကောင်းတစ်ခု ဖြစ်သည်ဟူသော ဗီဒီယိုဆွေးနွေးပွဲကို ကျင်းပ ခဲ့ကြပါသည်။ ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပြည်သူ့အစိုးရ ဥက္ကဋ္ဌ Erkin Tuniyaz က လွန်ခဲ့သည့်နှစ်များတွင် ရှင်းကျန်းဒေသ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်ရေး အောင်မြင်မှုများကို မိတ်ဆက်ခဲ့ပါသည်။ အခြေခံကေဒါခေါင်းဆောင် ၆ ဦး တို့က ဆွေးနွေးပွဲသို့ အွန်လိုင်းပုံစံဖြင့် တက်ရောက်ပြီး ကိုယ်တိုင်အတွေ့အကြုံဖြင့် ရှင်းကျန်းသူရှင်းကျန်းသားများ၏ ကြိုးပမ်းဆောင်ရွက်ခြင်းနှင့် နေထိုင်မှုဘဝအဆက်မပြတ် ကောင်းမွန်တိုးတက်လာခြင်းကို ဖော်ပြခဲ့ကြပါသည်။ နိုင်ငံခြားသံတမန်အရာရှိများလည်း အွန်လိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။
ဂျီနီဗါအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် ဆွစ်ဇာလန်နိုင်ငံရှိ အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့မှ သံအမတ်ကြီး ချင်ရှုက ပြည်သူများအား ထိပ်တန်းအကျဆုံးထားခြင်းမှာ နှစ် ၁၀၀ အတွင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ကြိုးပမ်းအားထုတ်ရာတွင် အောင်မြင်မှုများ ရရှိခဲ့သည့် လျှို့ဝှက်နံပါတ်ဖြစ်ကြောင်း၊ ရှင်းကျန်းဒေသ၏ ပြောင်းလဲတိုးတက်မှုမှာ ၄င်းကို သက်သေပြနိုင်ကြောင်း ပြောကြားခဲ့ပါသည်။