မြောက်လေသွေးတဲ့ည
ငွေနှင်းစက်များ ဖြန့်ကာကျ
ပီကင်းအိုလံပစ်၏ ဟေမန္တ။
နှစ်ကြိမ်ဆင့်တိုင် ကမ်းဆင့်
လှမ်းလင့်လို့ချီလေပြီ
ဆန်းတင့်လို့ ဝေလေပြီ
ချစ်ခြင်းတရားများ တိုးလေပြီ။
အလှသဏ္ဍာန်၊ အဟုတ်အသွင် ခံညားပါဘိ
အို…..
ဆန်းသစ်တဲ့ ပီကင်း အိုလံပစ်။
နှစ် သုံည နှစ် နှစ်
ဆောင်းရာသီအိုလံပစ်
ရင်မှာပွင့်သီ နှင်းတို့ဆီ
အေးမြပါစေ
လန်းဆန်းပါစေ
ရွှင်လန်းပါစေ
စည်းလုံးပါစေ
ထွန်းသစ်ပါစေ။
ခေတ်ကာလရှည်
ချစ်ထာဝရအဆွေ
ကျားမာန်အဟုန်နှင့်
အားမာန်ကုန်လှစ်နိုင်ပါစေ
မြေကမ္ဘာဟည်းမည့်
ပီကင်း ဆောင်းရာသီအိုလံပစ်
(ဂုဏ်ပြုကဗျာရေးသားသူ- ရွှေနှင်းဆီဖြူ)
(ဤကဗျာဖြင့် ပီကင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအား ဂုဏ်ပြုပါသည်)