辛甜

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့သည် ၃၆ ကြိမ်မြောက် စုပေါင်းဆွေးနွေးပွဲကို ကျင်းပ

(GMT+08:00)2022-01-26 14:30:00  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့သည် ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု အထွတ်အထိပ် ရောက်ရှိမှုနှင့် ကာဗွန်ဓါတ်ပြယ်မှုဆိုင်ရာ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရေး နှင့်ပတ်သက်ပြီး ၃၆ ကြိမ်မြောက် စုပေါင်းဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်က ယင်းဆွေးနွေးပွဲကို ကြီးမှူးရာတွင် မိမိတို့သည် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု အထွတ်အထိပ် ရောက်ရှိရေးနှင့် ကာဗွန်ဓါတ်ပြယ်မှုဆိုင်ရာ ရည်မှန်းချက်ကို အကောင်အထည် ဖော်ရန် ရင်ဆိုင်နေရသော အခြေအနေနှင့်ဝာာဝန်များကို လေ့လာသုံးသပ်ရမည်ဖြစ်ပြီး ယင်း ရည်မှန်းချက်နှစ်ခုကို အကောင်အထည်ဖော်ရေး၏ အရေးကြီးမှုနှင့် ခက်ခဲမှုကို ပြည့်ပြည့်ဝဝ သိရှိရမည်ဖြစ်ကာ ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်နှင့် အစီအမံများကို လက်တွေ့ကျကျ ဖော်ဆောင်ရမည် ဖြစ်ကြောင်း အလေးထား ပြောကြား ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။