辛甜

ရွှေတံဆိပ်များနှင့် နှိုင်းယှဉ်လျှင် ဆောင်းရာသီ အိုလံပစ်မှ တရုတ်နိုင်ငံကို ထိုးသွင်းသော တွန်းအားနှင့် တက်ကြွမှုကို ပိုဂရုစိုက်သည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2022-01-26 14:29:21  

ယခုလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ပီကင်းတျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ ကမ္ဘာ့အိုလံပစ်ကော်မတီဥက္ကဋ္ဌ Bach နှင့် တွေ့ဆုံခဲ့ပါသည်။

ရှီကျင့်ဖိန်က စိမ်းလန်းစိုပြေသော တောင်နှင့်ရေသည် ရွှေတောင်ငွေတောင်ပင် ဖြစ်သည်ဟု မိမိကပြောခဲ့ပြီး ယခုအချိန်တွင် ရေခဲဆီးနှင်းများသည်လည်း ရွှေတောင်ငွေတောင်ဖြစ်ကာ ၄င်းက ရေခဲနှင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးခဲ့ကြောင်း၊ ရွှေတံဆိပ်များနှင့် နှိုင်းယှဉ်လျှင် ဆောင်းရာသီ အိုလံပစ်မှ တရုတ်နိုင်ငံကို ထိုးသွင်းသော တွန်းအားနှင့် တက်ကြွမှုကို မိမိပိုဂရုစိုက်ကြောင်း၊ ဆောင်းရာသီအိုလံပစ်သည် လူသန်းပေါင်း ၃၀၀ ကို ရေခဲဆီးနှင်းအားကစားမှာ ပါဝင်စေနိုင်မှာဖြစ်ပြီး ရေခဲဆီးနှင်းအားကစား ထွန်းကားရေးသည် အမှန်တကယ်ပင် နိုင်ငံတော်၏အားကစားစွမ်းအားတိုးတက်မှုတစ်ခုဖြစ်ကြောင်း ပြောကြားပါသည်။

Bach က ယနေ့ တရုတ်နိုင်ငံသည် ရေခဲဆီးနှင်း အားကစား လုပ်သည့် နိုင်ငံ ဖြစ်သွားပြီဖြစ်ပြီး ၂၀၂၂ ခုနှစ် ပီကင်းဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ ရေခဲဆီးနှင်းအားကစား ခေတ်သစ်သို့ ဦးတည်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။