邹立莹

နွေဦးပွဲတော်ကာလအတွင်း ယန်စီမြစ်ဝှမ်းဒေသမှ အာဆီယံသို့၊ တရုတ်ပြည်မှ ဥရောပသို့ ရထားများ စတင် ပြေးဆွဲ

(GMT+08:00)2022-01-24 13:09:54  

ဇန်နဝါရီလ ၁၉ ရက်နေ့ လင်းအားကြီးအချိန်တွင် ကုန်ပစ္စည်းများ အပြည့် တင်ဆောင်ထားသော  ရထားသည် ကျန်းစူးပြည်နယ် ဟိုင်အန် ဘူတာမှ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ စတင်ပြေးဆွဲခဲ့ကြောင်း၊ ယင်းသည် ၂၀၂၂ ခုနှစ် တရုတ်ရိုးရာ နွေဦးပွဲတော် ကာလ အတွင်း ယန်စီမြစ်ဝှမ်းဒေသမှ အာဆီယံသို့ ပြေးဆွဲသော ပထမဦးဆုံး  ရထားဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

တရုတ်ရိုးရာ နွေဦးပွဲတော်မတိုင်မီကာလသည်  ကုန်ပစ္စည်းများကို သယ်ယူ ပို့ဆောင်မှု များပြားသော အချိန်ဖြစ်ပြီး တရုတ်- ဥရောပ ရထားလမ်း ပြေးဆွဲခြင်းသည် လုပ်ငန်းကုမ္ပဏီများအတွက် ကုန်စည်များပို့ဆောင်ရန် အခက်အခဲများကို ဖြေရှင်း ပေးနိုင်ကြောင်း သတင်းရရှိပါသည်။