邹立莹

တန်ဇန်းနီးယား သမ္မတသည် ပီကင်း ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲအား ထောက်ခံအားပေး

(GMT+08:00)2022-01-24 13:08:57  

တန်ဇန်းနီးယား သမ္မတ Mwini သည် ၂၀၂၂ ခုနှစ် ပီကင်း ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲကို ထောက်ခံရန်နှင့် အိုလံပစ်ကို နိုင်ငံရေးအဖြစ်ပုံဖော်မှုအား ဆန့်ကျင်ရန် ၎င်း၏ ဆိုရှယ်မီဒီယာ အကောင့်တွင် စာသားနှင့် ဗီဒီယိုကို တင်ခဲ့သည်။

ပီကင်း ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန် မျှော်လင့်ကြောင်း၊  အိုလံပစ်အားကစားပြိုင်ပွဲသည် လူသားတစ်ရပ်လုံး၏ အားကစားပွဲဖြစ်ပြီး နိုင်ငံရေးကိစ္စ အဖြစ် မလုပ်ဆောင်သင့်ကြောင်း၊ အိုလံပစ်စိတ်ဓာတ်ကို လေးစားပြီး နိုင်ငံရေးကို ကျော်ဖြတ် မှသာ ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုနှင့် အိုလံပစ်ဆောင်ပုဒ် "ပိုမြန်၊ ပိုမြင့်၊ ပိုအားကောင်း- ပိုစည်းလုံးညီညွတ်" ကို ဖေါ်ဆောင်နိုင်မည်ဖြစ်ကြောင်း Mwini က ဖေါ်ပြပါသည်။