邹立莹

ရှီကျင့်ဖိန်သည် အစ္စရေးသမ္မတ Herzog အား တရုတ်-အစ္စရေးသံတမန်ဆက်ဆံရေး ထားရှိခြင်း နှစ် ၃၀ ပြည့် ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာ ပေးပို့

(GMT+08:00)2022-01-24 13:46:43  

ဇန်နဝါရီလ ၂၄ ရက်နေ့က တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် အစ္စရေးသမ္မတ Herzog တို့သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထားရှိခြင်း နှစ် ၃၀ ပြည့် ၀မ်းမြောက်ကြောင်း သဝဏ်လွှာ အပြန်အလှန် ပေးပို့ခဲ့ကြသည်။

ရှီကျင့်ဖိန်က တရုတ်-အစ္စရေး သံတမန်ဆက်ဆံရေး ထားရှိသည့် နှစ် ၃၀ အတွင်း နှစ်နိုင်ငံ ပြည်သူများ အကြား ချစ်ကြည်ရေးသည် တစ်နေ့ထက်တစ်နေ့ နက်ရှိုင်းလာကာ နှစ်နိုင်ငံဆက်ဆံရေး လျင်မြန်စွာ တိုးတက်လာခဲ့ကြောင်း ဖေါ်ပြခဲ့သည်။

Herzog က လွန်ခဲ့သည့်နှစ် ၃၀ အတွင်း နှစ်နိုင်ငံ ကူးလူးဖလှယ်မှုများပြားကာ စီးပွားရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု ရလဒ်များရရှိခဲ့ပြီး နှစ်နိုင်ငံ ပြည်သူများကို အကျိုးပြုခဲ့ပါကြောင်း ဖေါ်ပြပါသည်။