邹立莹

ဘရာဇီးတွင် ကိုဗစ်-၁၉ အတည်ပြုရောဂါသည် ၂၄ သန်းကျော်ရှိပြီး ကူးစက်ခံရမှုကြောင့် ကလေးငယ် ၁၀၀၀ ကျော် သေဆုံးခဲ့

(GMT+08:00)2022-01-24 13:12:26  

ဒေသစံတော်ချိန် ယခုလ ၂၃ ရက်နေ့ ညပိုင်းအထိ ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြုရောဂါသည် ၂၄ သန်းကျော်ရှိကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စုစုပေါင်း လူ ၆သိန်း၂သောင်း သေဆုံးခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ အတည်ပြုရောဂါသည် ၁ သိန်း ၃ သောင်း ၅ ထောင် အသစ် တိုးများလာခဲ့ကြောင်း ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်းအရ သိရသည်။

 ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခဲ့သည့်နောက်ပိုင်းတွင် ဘရာဇီး၌ အသက် ၅ နှစ်မှ ၁၁ နှစ်ကြားရှိ ကလေးငယ် ၃၂၄ယောက်နှင့် အသက် ၀ မှ ၄ နှစ်ကြားရှိ ကလေးငယ် ၁၂၂၀ အပါအဝင်၊ အသက် ၀ မှ ၁၁ နှစ်ကြားရှိ ကလေးငယ် စုစုပေါင်း ၁၅၄၄ ယောက် သေဆုံးခဲ့သည်ဟု သတင်းအရ သိရသည်။