朱蕾

တရုတ်ပြည်အနေနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ရိုးသားပြီး ယုံကြည်စိတ်ချရသော မိတ်ဖက် အဖြစ် ကြံ့ခိုင်ပြတ်သားစွာ ဆောင်ရွက်သွားမည်ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်း ကိုယ်စား လှယ် ဆို

(GMT+08:00)2022-01-15 13:44:01  

တရုတ်ပြည်အနေနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ရိုးသားပြီး ယုံကြည်စိတ်ချရသော မိတ်ဖက် အဖြစ် ကြံ့ခိုင်ပြတ်သားစွာ ဆောင်ရွက်သွားမည်ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်း ကိုယ်စား လှယ် ဆို_fororder_微信图片_20220115113946

     ဒေသစံတော်ချိန် ယခုလ ၁၄ ရက်နေ့က ဂျီ-၇၇ အုပ်စုသည် သဘာပတိနိုင်ငံတာဝန် လွှဲပြောင်းပေးအပ်ပွဲ အွန်းလိုင်းအခမ်းအနားကျင်းပပြီး၊ ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းသည် တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။

    ကျန်းကျွင်းက COVID-၁၉ ကပ်ရောဂါသည် တစ်ကမ္ဘာလုံးတွင် ကူးစက်ပြန့်ပွားနေ ဆဲဖြစ်ပြီး၊ ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူရန် အခက်အခဲများစွာရှိကာ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ အနေနှင့် ၂၀၃၀ ပြည့်နှစ် အစီအစဉ်ဖော်ဆောင်ရေးတွင် ကြမ်းတမ်းသော စိန်ဖေါ်မှုများနှင့် ရင်ဆိုင်နေကြရကြောင်း၊ လက်ရှိအခြေအနေမျိုးတွင် ဂျီ-၇၇ နှင့် တရုတ်ပြည်တို့မှ ပါဝင်သော အခန်းကဏ္ဍများသည် ပို၍ အရေးကြီးပါကြောင်း ပြောကြားခဲ့သည်ဟု သတင်း အရသိရသည်။