朱蕾

ရှီကျင့်ဖိန်သည် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ ဗီဒီယိုအသွင်ပုံစံဖြင့် တက်ရောက်မည်၊ ကိုဗစ်-၁၉ ရောဂါ အပြီး ကာလတွင် ကမ္ဘာ့ဖွံ့ဖြိုးရေးအတွက် တရုတ်အသိဥာဏ်ကို စွမ်းဆောင်သွား မည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောကြား

(GMT+08:00)2022-01-15 13:42:47  

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၇ ရက်နေ့တွင် ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ ပီကင်းမှ ဗီဒီယိုအသွင်ပုံစံဖြင့် တက်ရောက်မိန့်ခွန်းပြောကြားမည်။ ယင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ် ပြည်အနေနှင့် ကိုဗစ်-၁၉ ရောဂါအပြီးကာလတွင် ကမ္ဘာ့ဖွံ့ဖြိုးရေးအတွက် တရုတ် အသိဥာဏ်ကို စွမ်းဆောင်သွားမည်ဖြစ်ကြောင်း ယခုလ ၁၄ ရက်နေ့က ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရ သည်။

ဝမ်ဝင်ပင်က လက်ရှိအချိန်တွင် COVID-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားနေဆဲဖြစ်ပြီး၊ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့ရေးတွင် မသေချာမှု၊ မရေရာမှု တိုးများလာကာ၊ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများ အကြား ဖွံ့ဖြိုးရေးကွာဟမှု အဆက်မပြတ်တိုးပွားလာ၍၊ လူသားတို့သည် မကြုံစဖူး ကြီးမားသော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေကြရကြောင်း၊ ယင်းအခြေအနေမျိုးတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ဖိုရမ်သို့ တက်ရောက် မိန့်ခွန်းပြောကြားခြင်းသည်၊ အရေးပါသော အနက်အဓိပ္ပါယ်ပါရှိကြောင်းပြောကြားခဲ့ သည်ဟု သတင်းအရသိရသည်။