洪荃诠

ပုဂံ ချူအင်လိုင်းတန်ဆောင်း ပြုပြင်မွမ်းမံခြင်းစီမံကိန်း စတင်ဆောင်ရွက်

(GMT+08:00)2022-01-09 11:32:03  

ပုဂံ ချူအင်လိုင်းတန်ဆောင်း ပြုပြင်မွမ်းမံခြင်းစီမံကိန်း စတင်ဆောင်ရွက်_fororder_271212389_4679701958772487_2225738695415312145_n

ပုဂံ ချူအင်လိုင်းတန်ဆောင်း ပြုပြင်မွမ်းမံခြင်းစီမံကိန်း စတင်ဆောင်ရွက်ခြင်း အခမ်းအနားကို ဇန်နဝါရီလ ၈ ရက်နေ့တွင် ပုဂံ၌ ကျင်းပခဲ့ပါသည်။ ထိုနေ့သည် ဝန်ကြီးချုပ်ချူအင်လိုင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် ၆၁ နှစ်ပြည့် အထိမ်းအမှတ်နေ့ဖြစ်သည့်အပြင် ဝန်ကြီးချုပ်ချူအင်လိုင်း ကွယ်လွန်သည့် ၄၆ နှစ် ပြည့်နေ့လည်း ဖြစ်ပါသည်။ တရုတ်နှင့် မြန်မာနှစ်ဖက်တို့သည် ယင်းအသွင်ပုံစံဖြင့် ဝန်ကြီးချုပ်ချူအင်လိုင်းအား လွမ်းဆွတ်သတိရမှုကို ဖော်ပြပြီး ယင်းအခွင့်အလမ်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် ချစ်ကြည်ရေးကို တစ်ဆင့်တိုးမြင့်စေရန် မျှော်လင့်ပါသည်။
အခမ်းအနားတွင် တရုတ်သံရုံးက ရွှေစည်းခုံစေတီတော်ဂေါပကအဖွဲ့သို့ ကပ်ရောဂါကာကွယ်ရေးပစ္စည်းများကို လှူဒါန်းပေးခဲ့ပါသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ပုဂံ ချူအင်လိုင်းတန်ဆောင်း ပြုပြင်မွမ်းမံခြင်းစီမံကိန်း စတင်ဆောင်ရွက်_fororder_微信图片_20220109112349