宋冉

အမေရိကန် အနေနှင့် လေးနက်စွာ သံဝေဂရသင့်သည်ဟု ရှင်းကျန်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဆို

(GMT+08:00)2021-12-26 14:56:33  

အမေရိကန်အစိုးရက ဝေဂါ အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်း ကြိုတင်ကာကွယ်ရေး ဥပဒေကြမ်းကို မကြာမီက အတည်ပြုခဲ့ခြင်းနှင့် ပတ်သက်ပြီး ယခုလ ၂၅ ရက်နေ့က ပီကင်း၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံ ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပြည်သူ့အစိုးရ ပြောရေးဆိုခွင့်ရှိသူ ရွှီကွေ့ရှမ်က အမေရိကန်၏ ယင်းလုပ်ရပ်သည် ဗိုလ်ကျစိုးမိုးရေးဝါဒ၊ ဓါးပြ လော့ဂျစ်၏ ပြသခြင်းနှင့် စစ်အေးတိုက်ပွဲ အတွေးအခေါ်၏ ပြန်လည်ရှင်သန်ခြင်း ဖြစ်ပြီး လုံးဝ မှားယွင်းပါကြောင်း ပြောကြားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ရွှီကွေ့ရှမ်က ယင်းဥပဒေကြမ်းသည် ရှင်းကျန်း၌ လက်တွေ့ အလုပ်အကိုင် လုပ်ဆောင်ခြင်း အခြေအနေကို ပြင်းထန်စွာ သရုပ်ဖျက်ခဲ့ပြီး နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူကို ပြင်းထန်စွာ ဖောက်ဖျက်ခဲ့၍ လူသားလောက၏ ဘုံတန်ဖိုးအမြင်ကိုလည်း ပြင်းထန်စွာ နင်းချေခဲ့ကြောင်း၊ အမေရိကန်၏ လုပ်ရပ်သည် ရှင်းကျန်း ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စဉ်ကို လုံးဝ ထိခိုက်နိုင်မည် မဟုတ်ကြောင်း၊ အမေရိကန် ခေါင်းဆောင်အနေနှင့် လေးနက်စွာ သံဝေဂရသင့်ကြောင်း ပြောကြားပါသည်။