China Media Group မှ ၂၀၂၁ ခုနှစ် နိုင်ငံတကာ စီးပွားရေးနှင့် ဘဏ္ဍာရေး သတင်း ၁၀ ခု ရွေးချယ် ချမှတ်

၁။ တရုတ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ပါဝင်ခဲ့သည့် နှစ် ၂၀ အတွင်း ကတိပြုချက်နှင့် တာဝန်ဝတ္တရားများကို ပြည့်ပြည့်စုံစုံ အကောင်အထည်ဖေါ်ဆောင်ပြီး နိုင်ငံတကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် ဘက်စုံ ပါဝင်ပါသည်။

၂။ တရုတ်-လာအို ရထားလမ်း တစ်ခုလုံး စတင် ပြေးဆွဲ၊ Belt and Road အတူ တည်ဆောက်မှုတွင် ပါဝင်သောနိုင်ငံများ အပြန်အလှန် အကျိုးရှိစေရေးကို ဖေါ်ဆောင်ပါသည်။

၃။ ဂလာစကို ရာသီဥတု ပြောင်းလဲမှု ညီလာခံတွင် ပါရီသဘောတူစာချုပ် ဖေါ်ဆောင်ရေး အသေးစိတ် ရေးရာနှင့်ပတ်သက်ပြီး သဘောတူညီမှု ရရှိပြီး၊ တရုတ်နိုင်ငံသည် နိုင်ငံတကာ ရာသီဥတု စီမံခန့်ခွဲရေးဖြစ်စဉ်ကို တက်ကြွစွာ တွန်းအားပေးသည်။

၎။ တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ အခြေအနေ တင်းမာနေဆဲ ဖြစ်ပြီး နိုင်ငံများစွာ၏ ကုန်ထုတ်လုပ်မှု ကွင်းဆက်၊ ကုန်စည်ဖြန့်ဖြူးမှုကွင်းဆက်များသည် စိန်ခေါ်မှုကြီးနှင့် ရင်ဆိုင်နေရသည်။

၅။ ကမ္ဘာ့နိုင်ငံများစွာတွင် quantitative easing ပေါ်လစီကို ကျင့်သုံးပြီး အမေရိကန်တွင် ငွေကြေးဖောင်းပွမှုနှုန်းသည် နှစ်၄၀ခန့်အတွင်း အမြင့်ဆုံးသို့ တက်လာသည်။

၆။ တစ်ကမ္ဘာလုံး စားနပ်ရိက္ခာဈေးနှုန်းသည် ၁၀ နှစ်အတွင်း အမြင့်ဆုံး တက်လာပြီး နှစ် ၅၀ အတွင်း အပြင်းထန်ဆုံးသော စားနပ်ရိက္ခာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

၇။ ရောင်းလိုအားနှင့် ဝယ်လိုအား မညီမျှမှုကြောင့် စီးပွားရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှု အခက်အခဲ တိုးလာစေပြီး နိုင်ငံများစွာ၌ စွမ်းအင် အကျပ်အတည်း သတိပေးသည်။

၈။ နှစ် ၂၀အတွင်း ဒေါ်လာ ဘီလီယံ ၂၀၀၀ ကျော် အသုံးပြုပြီးနောက် အမေရိကန် တပ်ဖွဲ့က အာဖဂန်မှ ဆုတ်ခွါပြီး တာလီဘန်က အာဏာ ပြန်လည် ရရှိခဲ့သည်။

၉။ နိုင်ငံတကာ မော်တော်ကား ကုမ္ပဏီအုပ်စုကြီးများ ပြုပြင်ပြောင်းလဲမှု မြှင့်တင်ပြီး စွမ်းအင်သစ်သုံး မော်တော်ကား ဈေးကွက်များသည် တရှိန်ထိုး တိုးတက်လာသည်။

၁၀။ စီးပွားဖြစ် အာကာသ ခရီးသွားလုပ်ငန်း ယှဉ်ပြိုင်မှု ပြင်းထန်လာပြီး အာကာသ စီးပွားရေးသည် အလွန် ရေပန်းစားနေသည်။