马宁

နိုင်ဂျီးရီးယားသည် ဥရောပက သက်တမ်းလွန် ကာကွယ်ဆေး တစ်သန်းကို ဖျက်ဆီး ပစ်ခဲ့ပြီး အနောက်နိုင်ငံများကို နိုင်ဂျီးရီးယားအရာရှိက ပြစ်တင်ရှုတ်ချ

(GMT+08:00)2021-12-24 11:12:30  

  ကပ်ရောဂါတိုက်ဖျက်ရေး အရင်းအမြစ်များ ရှားပါးသော အာဖရိကနိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် နိုင်ဂျီးရီးယားနိုင်ငံသည် မကြာသေးမီက အံ့သြဖွယ်ကောင်းသော လုပ်ရပ်တစ်ခု ကို ပြုလုပ်ခဲ့ပြီး ဥရောပနိုင်ငံများမှ လှူဒါန်းသော AstraZeneca ကာကွယ်ဆေး တစ်သန်းကို တစ်ကြိမ်တည်း ဖျက်ဆီးခဲ့သည်။ နိုင်ဂျီးရီးယားနိုင်ငံသည် လှူဒါန်းထားသော ကာကွယ်ဆေး များကို ဖျက်ဆီးသည့် ပထမဆုံး အာဖရိကနိုင်ငံ မဟုတ်ကြောင်း သတိပြုသင့်သည်။ အဘယ်ကြောင့်ဆိုသော် အနောက်တိုင်းဖွံ့ဖြိုးပြီးနိုင်ငံ အများအပြားသည် နိုင်ငံတကာ အကူအညီကို အလွန်မှီခိုနေရသော ဖွံ့ဖြိုးဆဲနိုင်ငံများအား သက်တမ်းကုန်ခါနီး ကာကွယ်ဆေးများကိုသာ လှူဒါန်းတတ်ကြသည်။ ထိုသို့ ”လက်ဆောင်” အတွက် အာဖရိကနိုင်ငံများသည် အလွန်စိတ်ဆိုးကြသည်။

  မော်လဝီသမ္မတ ချားခ်ဗီလာက ထိုကဲ့သို့ ထိရောက်မှု မရှိသော လှူဒါန်းမှုနှင့် ပတ်သက်၍ မကျေနပ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ သူက “ကျွန်တော်တို့က အရာအားလုံးကို လိုအပ်တယ်၊ သက်တမ်းကုန်သွားပြီဖြစ်တဲ့ ကာကွယ်ဆေးလည်း သည်းခံနိုင်တယ် ဆိုတာကို လူတွေက မထင်စေချင်ဘူး၊ ကျွန်တော်တို့က အမှိုက်ပုံးကြီး မဟုတ်ဘူး"ဟု ပြောကြားပါသည်။