မကြာခင်က ပီကင်းဆောင်းရာသီ အိုလံပစ်ပန်းခြံကို ဖွင့်လှစ်ခဲ့ပါသည်။ ယင်းပန်းခြံသည် ပီကင်းမြို့ ရှီကျင်ရှမ်းမြို့နယ် ယုန်တင်မြစ်ကမ်း၌ တည်ရှိကာ တရုတ်နိုင်ငံအတွင်း ပထမဆုံး ဆောင်းရာသီအိုလံပစ် ပန်းခြံ ဖြစ်သည်။ စနေ၊တနင်္ဂနွေ နေ့တိုင်း မာရသွန်၊ ရိုလာစကိတ်စီး အားကစားဝါသနာရှင်များသည် အဖော်တွဲ၍ ပန်းခြံရှိ ၄၂ ကီလိုမီတာ ရှည်သော မာရသွန် ပြေးလမ်းပေါ်တွင် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ကြသည်။ ၄င်းသည် ဆောင်းရာသီအိုလံပစ်အကြောင်း၊ ယုန်တင်မြစ် စက်ရုံဟောင်းများအကြောင်း၊ မီးရထားလမ်း အကြောင်း စသည့် အကြောင်းအရာများပါဝင်သော အမျိုးအစားသစ် ပန်းခြံ ဖြစ်သလို ပီကင်းမြို့တော်၏ အထင်ကရအဆောက်အဦးသစ်လည်း ဖြစ်သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။