辛甜

ထိုင်းနိုင်ငံမှ နိုရာ အကသည် ယူနက်စကိုမှ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းတွင် ပါဝင်

(GMT+08:00)2021-12-16 13:30:16  

ထိုင်းနိုင်ငံမှ နိုရာ အကသည် ယူနက်စကိုမှ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းတွင်  ပါဝင်_fororder_1217-9

ထိုင်းနိုင်ငံမှ နိုရာ အကသည် ယူနက်စကိုမှ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းတွင်  ပါဝင်_fororder_1217-10

ထိုင်းနိုင်ငံ တောင်ပိုင်းဒေသရှိ နိုရာအကသည် ကုလသမဂ္ဂ ယူနက်စကိုမှ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းတွင် တရားဝင် ပါဝင်သည်ဟု ယူနက်စကိုအဖွဲ့က ကြေညာ ခဲ့ကြောင်း ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံယဉ်ကျေးမှုဝန်ကြီးဌာနက ဖော်ပြ ခဲ့ပါသည်။

နိုရာအကသည် ထိုင်းနိုင်ငံတောင်ပိုင်းဒေသရှိ ရိုးရာအက တစ်မျိုးဖြစ်ပြီး အက၊ အော်ပရာ၊ သီချင်းဆို စသည့် အနုပညာများကို ပေါင်းစပ်ခြင်းဖြစ်ပါသည်။ ယနေ့ခေတ်တွင် နိုရာအက ဖျော်ဖြေတင်ဆက်မှုသည် ခေတ်နှင့်အညီ အပြောင်းအလဲအချို့ ရှိပြီး အဓိကအားဖြင့် ဇာတ်ပို့ တူရိယာ ပြောင်းလဲကာ အကပုံစံ၊ ဝတ်စုံနှင့် ဖျော်ဖြေတင်ဆက်မှုပုံစံ စသည်တို့မူ အစဉ်အလာအတိုင်း ထိန်းသိမ်းထားပါသည်။