ဒီဇင်ဘာလ ၁၁ ရက်နေ့က တရုတ်ပန်ဒါဝက်ဝံအမြွှာပေါက်သားလေး "Yuan Dudu" နှင့် "Huan Li Li" တို့သည် ပြင်သစ်နိုင်ငံ အလယ်ပိုင်းရှိ Beauval တိရစ္ဆာန်ရုံတွင် ပထမဆုံးအကြိမ် ပြသခဲ့ပါသည်။ ယင်းနေ့ နံနက် စောစောပိုင်း အချိန်ကပင် ပြင်သစ် လူများစွာတို့သည် ပန်ဒါဝက်ဝံပြခန်းသို့ ရောက်လာကြပြီး ပန်ဒါဝက်ဝံအမြွှာပေါက်သားလေးကို ကြည့်ရှုကြပါသည်။ ယခုအချိန်အထိ ပန်ဒါ ၀က်ဝံ နှစ်ကောင်၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်သည်ဟု သိရပါသည်။