朱蕾

တရုတ်-လာအို ရထားလမ်း ပြေးဆွဲခြင်းသည် ယူနန်ပြည်နယ် ခရီးသွား လုပ်ငန်းကို အကျိုးပြုမည်

(GMT+08:00)2021-12-06 14:45:06  

 တရုတ်-လာအို ရထားလမ်း စတင် ပြေးဆွဲခဲ့သည့် ဒုတိယနေ့ ဖြစ်သည့် ယခုလ ၄ ရက်နေ့တွင် ပထမအသုတ် ရထားစီး ခရီးသွားများက ရထားစီးပြီး တရုတ်ပြည် ယူနန်ပြည်နယ် ဖူရ်မြို့သို့ ရောက်ရှိခဲ့ကြပါသည်။

   တရုတ်-လာအို ရထားလမ်းသည် ယခုလ ၃ရက်နေ့က စတင် ပြေးဆွဲခဲ့ခြင်း ဖြစ်ပြီး ရထားလမ်းတစ်လျှောက်ရှိ ဖူရ်မြို့၊ စစ်ဆောင်ပနား စသည့် ဒေသများတွင် ရထားလမ်း မရှိသည့် သမိုင်းကို အဆုံးသတ်ခဲ့ပါသည်။ တရုတ်-လာအို ရထားလမ်း တစ်လျှောက်တွင် ခရီးသွား အရင်းအမြစ်များ ပေါကြွယ် များပြားပြီး ခရီးသွားနှင့် ယဉ်ကျေးမှု ပူးတွဲ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ ကောင်းမွန်သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။