朱蕾

ကန်ဒီမိုကရေစီနှင့်ပတ်သက်သော မေးခွန်း၁၀ခုဆိုင်ရာ အစီရင်ခံစာကို တရုတ် တတ်သိ ပညာရှင်များအဖွဲ့ ထုတ်ပြန်

(GMT+08:00)2021-12-06 14:20:39  

ကန်ဒီမိုကရေစီနှင့်ပတ်သက်သော မေးခွန်း၁၀ခုဆိုင်ရာ အစီရင်ခံစာကို တရုတ် တတ်သိ ပညာရှင်များအဖွဲ့ ထုတ်ပြန်_fororder_微信图片_20211206110130

ဒီဇင်ဘာလ ၆ရက်နေ့တွင် တရုတ်ပြည်သူ့တက္ကသိုလ် ချုံယန်း ငွေရေးကြေးရေး သုတေသနဌာနမှ အမေရိကန်နိုင်ငံ၏ ဒီမိုကရေစီနှင့်ပတ်သက်သော မေးခွန်း၁၀ခုဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ပွဲနှင့် ဆွေးနွေးပွဲကို ပီကင်းမြို့တွင် ကျင်းပပြီး တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အပါအဝင် တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံး ၃၀ကျော်မှ ကိုယ်စားလှယ် များ၊ ပီကင်းမြို့အခြေစိုက် နိုင်ငံခြားမီဒီယာများနှင့် တရုတ်ပြည်တွင်း မီဒီယာများသည် ထုတ်ပြန်ပွဲနှင့် ဆွေးနွေးပွဲသို့ တက်ရောက်ကြပါသည်။

၎င်းအစီရင်ခံစာတွင် စုစုပေါင်းစာလုံးရေ ၂သောင်း၃ထောင်ရှိပြီး အမေရိကန် စာရွက်စာတမ်းများစွာကို ကိုးကားသုံးသပ်ကာ အမေရိကန်နိုင်ငံ၏ စနစ်ကျင့်သုံးမှု၊ နိုင်ငံတော် စီမံအုပ်ချုပ်မှု၊ လူမှုရေး လက်တွေ့အခြေအနေ၊ လူ့အခွင့်အရေးလွတ်လပ်မှု၊ နိုင်ငံတကာ သြဇာညောင်းမှု စသည့်ဘက်များမှ အမေရိကန်နိုင်ငံ၏ ဒီမိုကရေစီနှင့် ပတ်သက်သော မေးခွန်း ၁၀ခုကို ထုတ်ပြန်ခဲ့ပါသည်။ အမေရိကန်နိုင်ငံ၏ ဒီမိုကရေစီ ကြောင့် ပြည်တွင်းတွင် လူမှုရေး စနစ်တကျ မရှိဘဲ ပြည်သူများအား ပိုမိုများပြားသော ဒုက္ခပေးပြီး ပြည်ပတွင် မတည်မငြိမ်ဖြစ်စေ၍ နိုင်ငံတကာစည်းစနစ်ကို ဖျက်ဆီးသော လက်တွေ့ အခြေအနေကို စိုးရိမ်မကင်း ဖြစ်မိကြောင်း ဖေါ်ပြပြီး ဝေဖန်သုံးသပ်ခဲ့ပါသည်။