朱蕾

ကန် ပြည်နယ် ၁၅ ခုထက်မနည်းတွင် Omicron ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရသူ တွေ့ရှိ

(GMT+08:00)2021-12-06 14:22:35  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၅ ရက်နေ့က အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးဌာန ဥက္ကဋ္ဌ ရိုရှယ် ဗါရိန်စကီက ABCသတင်းဌာန၏ အင်တာဗျူးကို လက်ခံရာတွင် လက်ရှိအချိန်အထိ အမေရိကန် ပြည်နယ် ၁၅ ခုထက်မနည်းတွင် Omicron ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရသူများကို တွေ့ရှိခဲ့ကြောင်း၊ ကူးစက်ခံရသူ ဦးရေ တိုးများနိုင် မည်ဟု ခန့်မှန်းရကြောင်း ဖော်ပြပါသည်။

လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ၌ Omicron ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရသူ သုံးလေး ဆယ်ကို တွေ့ရှိခဲ့ပြီဖြစ်ကြောင်း၊ အမေရိကန်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၉၉့၉ ရာခိုင်နှုန်းသည် Delta ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရကြောင်း ဗါရိန်စကီက ဖော်ပြပါသည်။