朱蕾

တရုတ်နိုင်ငံသည် အကောက်ခွန် လွတ်ငြိမ်းခွင့်ပေးခြင်းဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား ဘက်ပေါင်းစုံ ကုန်သွယ်ရေးစနစ်တွင် ပါဝင်ရန် အစွမ်းကုန် အားပေး

(GMT+08:00)2021-12-06 14:21:27  

 တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ပါဝင်ခဲ့ပြီးနောက် အခြားဖွံ့ဖြိုးဆဲ အဖွဲ့ဝင်နိုင်ငံများအား ထိရောက်စွာ ကူညီအားပေးခဲ့ပါသည်။ တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲ အဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးသော နိုင်ငံများအား တိုးချဲ့ ကူညီထောက်ပံ့ခဲ့ပြီး တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းနိုင်ငံများအကြား ဖွံ့ဖြိုးရေး ကွာဟချက် လျော့နည်းရန် အားသစ်လောင်းပေးခဲ့သည်။ တရုတ်နိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးသောနိုင်ငံများအား  အကောက်ခွန် လွတ်ငြိမ်းခွင့် အစောဆုံးပေးခဲ့သော ဖွံ့ဖြိုးဆဲနိုင်ငံများအနက် နိုင်ငံတစ်နိုင်ငံအပါအဝင်ဖြစ်ပါသည်။ ၂၀၂၁ခုနှစ် မေလအထိ တရုတ် နိုင်ငံသည် တရုတ်နှင့်သံတမန်ဆက်သွယ်မှုထားရှိသည့် ဖွံ့ဖြိုးမှု အနည်းဆုံးသောနိုင်ငံ ၄၂ နိုင်ငံအား ကုန်ပစ္စည်း ၉၇ ရာခိုင်နှုန်းအပေါ် အကောက်ခွန် လွတ်ငြိမ်းခွင့်ပေးခဲ့သည်။ လက်ရှိ အချိန်အထိ တရုတ်နိုင်ငံ၏ ကူညီမှုဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးသော နိုင်ငံ ၆ နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ပါဝင်ခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။