辛甜

လီခေ့ချန်သည် ၁၃ ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးများ အလွတ်သဘောအစည်းအဝေးသို့ တက်ရောက်

(GMT+08:00)2021-11-27 00:23:33  

         နိုဝင်ဘာ ၂၆ ရက်ညနေပိုင်းတွင် တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည် ပြည်သူ့ခန်းမဆောင်ကြီး၌ ၁၃ ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးများ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားကာ နိုင်ငံတကာနှင့် ဒေသတွင်း ကိစ္စရပ်များနှင့်ပတ်သက်၍ နိုင်ငံအသီးသီးမှ ခေါင်းဆောင်များနှင့် အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်က အစည်းအဝေးကို ကြီးမှူးကျင်းပပြီး အစည်းအဝေးကို ဗီဒီယိုဖြင့် ကျင်းပသည်။

လီခေ့ချန်က အာရှနှင့်ဥရောပနိုင်ငံများ၏ ပူးပေါင်းကြိုးပမ်းခြင်းဖြင့် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးကို ထိရောက်စွာတိုးတက်စေရုံသာမက စီးပွားရေးပြန်လည်ထူထောင်ရေးကို အကောင်အထည်ဖေါ်နိုင်ရန်နှင့် အာရှဥရောပနှင့်ကမ္ဘာ၏ အေးချမ်းတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးကို ထိန်းသိမ်းကာကွယ်နိုင်ရန်  ယုံကြည်ကြောင်း ပြောကြားပါသည်။