张晓宁

တရုတ်လုပ်ငန်းကုမ္ပဏီ ၁၂ ခု ကန်၏ အရေးယူစာရင်းထဲတွင် ထည့်သွင်းခံရ

(GMT+08:00)2021-11-26 14:35:38  

နိုဝင်ဘာလ၂၅ရက်နေ့က ကျင်းပသော တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တရုတ်လုပ်ငန်းကုမ္ပဏီ၁၂ခုသည် အမေရိကန်နိုင်ငံ၏နိုင်ငံတော် လုံခြုံရေးအကျိုးစီးပွား သို့မဟုတ် နိုင်ငံခြားရေးမူဝါဒနှင့် မကိုက်ညီသဖြင့် အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာန၏ အရေးယူစာရင်းထဲတွင် ထည့်သွင်းခံရခြင်းနှင့်ပတ်သက်၍ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆုကြွယ်ထင်က အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အရေးယူစာရင်းမှာ တရုတ်-အမေရိကန် ထိပ်သီးခေါင်းဆောင်များ ရရှိခဲ့သည့် သဘောတူညီမှုနှင့် မကိုက်ညီကြောင်း၊ တရုတ်- အမေရိကန် နှစ်နိုင်ငံအတွက် အကျိုး မရှိကြောင်း၊ တစ်ကမ္ဘာလုံး  Industry Chain Supply Chain လုံခြုံရေးနှင့် ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူရေးအတွက် အကျိုး မရှိကြောင်း၊ အမေရိကန်နိုင်ငံသည် အဖြစ်မှန် အထောက်အထား မရှိဘဲ၊ အစီအစဉ် ပွင့်လင်းမှု မရှိဘဲ အရေးယူရန် ဆောင်ရွက်ချက်ကို ထင်သလို ထုတ်ပြန်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအတွက် ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး အမေရိကန်နိုင်ငံအား တည်ကြည်လေးနက်စွာ အရေးဆိုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။