张晓宁

နောက်ဆုံးတွင် လစ်သွေးနီးယားသည် ကတိသစ္စာဖေါက်ဖျက်ခြင်းကြောင့် နစ်နာ ဆုံးရှုံးလိမ့်မည်ဟု တရုတ် ဆို

(GMT+08:00)2021-11-26 14:35:23  

    “လစ်သွေးနီးယားနိုင်ငံအခြေစိုက် ထိုင်ဝမ်ကိုယ်စားလှယ်ရုံး”ထားရှိခြင်း နှင့်ပတ်သက်၍  လစ်သွေးနီးယားနိုင်ငံမှ သဘောထား ဖော်ပြချက်နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းသည် ၂၅ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထပ်မံ ဝေဖန်ချေပခဲ့ပါသည်။ ကျောက်လိကျန်းက လစ်သွေးနီးယားသည် ကတိသစ္စာ ဖေါက်ဖျက်ပြီး တရုတ်ဘက်၏ တည်ကြည်လေးနက်သော အရေးဆိုမှုကို လျစ်လျူရှု သည့်အပြင် နိုင်ငံတကာ တရားမှန်နှင့် တရားမျှတမှုကို လျစ်လျူရှုကာ နိုင်ငံကြီးအချို့ကို အလိုလိုက် အကြိုက်ဆောင်ရန် မီးထဲမှ သစ်ချသီး ယူပေးသလို သူတပါးအတွက် အလဟဿအရဲစွန့်ခြင်းကြောင့် နောက်ဆုံးတွင် နစ်နာဆုံးရှုံးလိမ့်မည် ဖြစ်ကြောင်း ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။