张晓宁

နိုင်ငံတကာ အသိုက်အ၀န်း၌ ပိုများလာသော အမျှော်အမြင်ရှိသူများသည် ဘေကျင်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို ထောက်ခံမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2021-11-26 14:34:59  

၂၃ ရက်နေ့က နယ်သာလန်နိုင်ငံ လွှတ်တော် ဒုတိယရုံးသည် သက်ဆိုင်ရာ လွှတ်တော်အမတ် တင်ပြထားသည့် ၂၀၂၂ ခုနှစ် ဘေကျင်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲသို့ အစိုးရကိုယ်စားလှယ်များ စေလွှတ်ခြင်း မပြုရန် မဲခွဲဆုံးဖြတ်ရာတွင် မဲတစ်ဝက်ထက် နည်းသောကြောင့် ယင်းအဆိုပြုချက်ကို ပယ်ချခဲ့သည်။ ယင်းဖြစ်ရပ် အစောပိုင်းတွင် နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး ကိုနာပွန်က သက်ဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ရာတွင် လွှတ်တော်အား ဘေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ အပေါ် “သံတမန်ရေး သပိတ်မှောက်ခြင်း” အဆိုပြုချက်ကို ပယ်ချရန် အကြံပြုကြောင်း ပြတ်သားစွာ ပြောကြား ခဲ့သည်။

ယင်းအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက နိုင်ငံတကာ အားကစားအသိုက်အ၀န်းသည် အိုလံပစ် ပဋိညာဉ် စိတ်ဓာတ်ကို ချိုးဖောက်သည့် ပြုမူချက် မှန်သမျှကို တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်မည်ဟု ကာလကြာရှည်စွာ သဘောတူညီချက် ရရှိထားကြောင်း၊ တရုတ်ဘက်သည် အိုလံပစ်စိတ်ဓာတ်၏ ဦးတည်ပေးခြင်းဖြင့် နိုင်ငံတကာ အသိုက်အ၀န်း၌ ပိုများလာသော အမျှော်အမြင်ရှိသူများသည် ဘေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို ထောက်ခံပြီး အားကစားကို နိုင်ငံရေး ဖြစ်စေခြင်း အပေါ် ဆန့်ကျင်မည်ဖြစ်ကြောင်း ၂၅ ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။