张晓宁

ပိုမိုများပြားသော အမြော်အမြင်ရှိသူများသည် အားကစားကို နိုင်ငံရေးအဖြစ်သို့် ပြုလုပ်ခြင်း ဆန့်ကျင်ရေးတပ်ဖွဲ့တွင် ပါဝင်ကြမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြား

(GMT+08:00)2021-11-26 14:34:40  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အိုလံပစ် စိတ်ဓာတ်၏ လမ်းညွှန်မှုအောက်တွင် နိုင်ငံတကာမိသားစုကြီးမှ ပိုမိုများပြားသော အမြော် အမြင်ရှိသူများသည် ပီကင်းဆောင်းရာသီအိုလံပစ် အားကစားပွဲကို ထောက်ခံပြီး၊ အားကစားကို နိုင်ငံရေးအဖြစ်သို့် ပြုလုပ်ခြင်း ဆန့်ကျင်ရေးတပ်ဖွဲ့တွင် ပါဝင်ကြမည်ဟု စွဲစွဲမြဲမြဲ ယုံကြည်ပါကြောင်း ယခုလ ၂၅ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု  China Media Group မှ သတင်းအရသိရသည်။

ဆက်လက်၍ ကျောက်လိကျန်းက နိုင်ငံတကာအားကစားလောကသည် သဘော တူညီမှုကို အစောကြီးကတည်းက ရရှိခဲ့ပြီဖြစ်ပြီး၊ အိုလံပစ် ပဋိညာဉ်စာချုပ် စိတ်ဓာတ်ကို ကျောခိုင်းသော လုပ်ရပ်မှန်သမျှအပေါ် တညီတညွတ်တည်း ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။