张晓宁

တရုတ်၊ ရုရှားနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများ ၁၈ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပမည်

(GMT+08:00)2021-11-26 14:33:22  

ယခုလ ၂၅ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ၂၆ရက်နေ့တွင် ဗီဒီယိုပုံစံဖြင့် တရုတ်၊ ရုရှားနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများ ၁၈ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲသို့ ပါဝင်မည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ယခုအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်၊ ရုရှားနှင့် အိန္ဒိယ သုံးနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်တိုက်ဖျက်ရေး၊ ဘက်ပေါင်းစုံမူဝါဒနှင့် နိုင်ငံတကာနှင့် ဒေသတွင်း အာရုံစူးစိုက်ကြသော ပြဿနာများ စသော ခေါင်းစဉ်များနှင့် ပတ်သက်၍ နက်ရှိုင်းစွာ ဆွေးနွေးမည်ဖြစ်ကြောင်း ကျောက်လိကျန်းက မိတ်ဆက်ခဲ့သည်။