张晓宁

နိုဝင်ဘာလ ၂၄ရက်နေ့က တရုတ်တွင် ကိုဗစ်၁၉ကပ်ရောဂါကူးစက်ခံရသူ ၂ဦး တိုးလာ

(GMT+08:00)2021-11-25 15:28:49  

တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်မှ အချက်အလက်အရ နိုဝင်ဘာလ ၂၄ ရက်နေ့ သုညနာရီမှ ၂၄နာရီအထိ ပြည်နယ်၃၁ပြည်နယ်နှင့် ရှင်းကျန်း ထုတ်လုပ်ရေးနှင့် တည်ဆောက်ရေးတပ်ဖွဲ့စုတွင် ကိုဗစ်၁၉ရောဂါကူးစက်ခံရသူ ၂၄ဦးကို အသစ်တွေ့ရှိပြီး ၄င်းအနက် ၂၂ဦးသည် ပြည်ပမှ ဝင်လာခြင်းဖြစ်ကြောင်း၊ ဒေသခံကူးစက်ခံရသူ ၂ဦးသည် ယူနန်ပြည်နယ် တယ်ဟုန် တိုင်လူမျိုးနှင့် ကျင်ဖော်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲတွင် တွေ့ရှိခြင်းဖြစ်ပြီး သေဆုံးသူ မရှိကြောင်း၊ ပြည်ပမှ ရောဂါကူးစက်ခံရသည်ဟု သံသယရှိသူ ၁ဦး ရှိကြောင်း ဖော်ပြသည်ဟု China Media Groupမှသတင်းအရ သိရပါသည်။