“ထိုင်ဝမ်ကိုယ်စားလှယ်ရုံး”က သံတမန်အနေအထား မရှိဟု လစ်သွေးနီးယားမှ ကောက်ကျစ် စဉ်းလဲစွာ ငြင်းချက်ထုတ်ခြင်းနှင့် ပတ်သက်၍ ယခုလ ၂၂ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီှးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ယင်းသည် ဖုံးလေပေါ်လေ ဖြစ်ခြင်းပင် ဖြစ်ပြီး လစ်သွေးနီးယားအစိုးရသည် မိမိ၏ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်သော ဆိုးကျိုးအားလုံးကို တာဝန်ခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။
လစ်သွေးနီးယားသည် တရုတ်၏ တည်ကြည်လေးနက်သောဆန့်ကျင်မှုနှင့် အကြိမ်ကြိမ် အရေးဆိုမှုကို လျစ်လျူရှုပြီး “ လစ်သွေးနီးယားဆိုင်ရာ ထိုင်ဝမ်ကိုယ်စားလှယ်ရုံး”ကို တည်ထောင်ရန် ခွင့်ပြုကြောင်း၊ ယင်းသည် နိုင်ငံတကာတွင် “တရုတ်ပြည်တစ်ပြည်၊ ထိုင်ဝမ်တစ်ခု”ကို ပြောင်ပြောင်တင်းတင်း ဖန်တီးပြီး ဆိုးရွားသော သာဓက ဖြစ်ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။