洪荃诠

ကန်သုတေသီများသည် အင်ဒီယန်လူမျိုး ကျောင်းအိပ်ကျောင်းစား ကျောင်းတစ်ကျောင်းမှ သေဆုံးခဲ့သော ကျောင်းသားကျောင်းသူတစ်ရာကျော် မည်သူမည်ဝါ ဖြစ်ခြင်းကို အတည်ပြု

(GMT+08:00)2021-11-16 14:14:05  

အမေရိကန်နိုင်ငံ Nebraska ပြည်နယ်မှ သုတေသီများသည် ဒေသခံသမိုင်းတွင် အင်ဒီယန်လူမျိုး ကျောင်းအိပ်ကျောင်းစား ကျောင်းတစ်ကျောင်း၌ သေဆုံးခဲ့သော ကျောင်းသားကျောင်းသူ ၁၀၂ ယောက် မည်သူမည်ဝါ ဖြစ်ခြင်းကို အတည်ပြုခဲ့ကြောင်း၊ ၄င်းကျောင်းသားကျောင်းသူများသည် များသောအားဖြင့် ကလေးငယ်များဖြစ်ကြကြောင်း၊ Nebraska ပြည်နယ်မှ အရာရှိများက ပြည်ထောင်စုအစိုးရအား တာဝန်ယူပြီး အင်ဒီယန် လူမျိုး ညှဉ်းပန်းနှိပ်စက်မှုခံခဲ့ရသော အဖြစ်မှန်ကို စုံစမ်းစစ်ဆေးပြီး ထုတ်ပြန်ရန် ပန်ကြားခဲ့ ကြောင်း အမေရိကန်မီဒီယာများက နိုဝင်ဘာလ ၁၃ ရက်နေ့က ရေးသားဖော်ပြခဲ့ပါသည်။