宋冉

လက်တွေ့ဆောင်ရွက်မှုအား ရှေးရှုခြင်းကို စွဲကိုင်ပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးသင့်သည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2021-11-01 14:10:32  

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် အောက်တိုဘာလ ၃၁ ရက်နေ့ညက ပီကင်းတွင် ဗီဒီယို ပုံစံဖြင့် ဆက်လက်ပြုလုပ်သည့် ဂျီ ၂၀ အုပ်စု ခေါင်းဆောင်များ ၁၆ ကြိမ်မြောက် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရသည်။

ရှီကျင့်ဖိန်က လက်တွေ့ဆောင်ရွက်မှုအား ရှေးရှုခြင်းကို စွဲကိုင်ပြီး လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုကို တွန်းအားပေးသင့်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကို တိုးပွားစေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လိုအပ်မှုကို အလေးထားကာ ဆင်းရဲနွမ်းပါးမှု ပပျောက်စေရေး၊ စားနပ်ရိက္ခာ ဖူလုံမှု၊ စက်မှုလုပ်ငန်း ဖြစ်ထွန်းမှုနှင့် အပြန်အလှန် ဆက်သွယ်ရေး စသည့် အရေးကြီး လုပ်ငန်းနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ပြုလုပ်သင့်ကြောင်း၊ တရုတ်ပြည်သည် ယခုနှစ် စက်တင်ဘာလ တွင် နိုင်ငံတကာ စားနပ်ရိက္ခာ ဆုံးရှုံးနစ်နာမှု လျှော့ချရေး ညီလာခံကို အောင်မြင်စွာ ကျင်းပခဲ့ပြီး ဂျီ ၂၀ အုပ်စု ပလက်ဖောင်းဖြင့် ပိုမိုများပြားသည့် အကြံပေးချက်နှင့် နည်းလမ်းများကို ဆက်လက် ထောက်ပံ့ပေးလိုကြောင်း ပြောကြားသည်။