辛甜

တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာ့နိုင်ငံအသီးသီးအတွက် ပိုမို များပြားသော အခွင့်အလမ်းသစ်များကို ဆောင်ကြဉ်းပေးမည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2021-10-30 22:13:59  

တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာ့နိုင်ငံအသီးသီးအတွက် ပိုမို များပြားသော အခွင့်အလမ်းသစ်များကို ဆောင်ကြဉ်းပေးမည်ဟု ရှီကျင့်ဖိန်ဆို_fororder_1030-1

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၃၀ ရက်နေ့က ပီကင်း၌ ဗီဒီယို အသွင်ပုံစံဖြင့် ၁၆ ကြိမ်မြောက် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး၏ ပထမ အဆင့်ကာလ အစည်းအဝေးသို့ တက်ရောက်ပြီး အရေးကြီးမိန့်ခွန်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် တံခါးဖွင့်ရေး အခြေခံ နိုင်ငံတော်မူဝါဒကို စွဲကိုင်မည် ဖြစ်ပြီး အတိုင်းအတာကြီးမားသော ဈေးကွက်ဆိုင်ရာ အားသာချက်နှင့် ပြည်တွင်း ဝယ်လိုအားကို ဖေါ်ထုတ်၍ စည်းမျဉ်းစည်းကမ်း၊ စီမံခန့်ခွဲရေး၊ စံချိန်စံနှုန်း စသည့်စနစ် ဆိုင်ရာ တံခါးဖွင့်ရေးကို အားဖြည့်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေးကို အဆက်မပြတ် တိုးမြှင့်ပြီး ဈေးကွက်စနစ်အရ ဖြစ်သည့်၊ ဥပဒေ စိုးမိုးသည့်၊ နိုင်ငံတကာနှင့် တစ်ပြေးညီဖြစ်သည့် စီးပွားကုန်သွယ်ရေး ပတ်ဝန်းကျင်ကို ဆက်တိုက် တည်ဆောက်မည် ဖြစ်၍ ပြည်တွင်းပြည်ပ လုပ်ငန်းကုမ္ပဏီများအတွက် တရားမျှတသော ဈေးကွက်စည်းစနစ်များကို ဖန်တီးပေးမည် ဖြစ်ကြောင်း၊ တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာ့နိုင်ငံအသီးသီးအတွက် ပိုမို များပြားသော အခွင့်အလမ်းသစ်များကို ဆောင်ကြဉ်းပေးမည်ဟု မိမိ ယုံကြည်ကြောင်း ပြောကြားပါသည်။