辛甜

ပျော်ရွှင်ခြင်းတို့ရှင်သန်ရာမြေ-အပိုင်း၁

(GMT+08:00)2021-10-21 13:44:36  

ပျော်ရွှင်ခြင်းတို့ရှင်သန်ရာမြေ-အပိုင်း၁_fororder_1021-4

CRI မြန်မာပိုင်းအစီအစဉ်ရဲ့ ရေဒီယိုအစီအစဉ်မှာ “ပျော်ရွှင်ခြင်းတို့ရှင်သန်ရာမြေ” ဇာတ်လမ်းတွဲကို ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ အလုပ်ဖိအားတွေကြောင့် စိတ်ညစ်ညူး နေတဲ့ မိန်းကလေးတစ်ဦး မိသားစုရှိရာအိမ်ကို ပြန်ဖို့ တွေဝေခက်ခဲနေချိန် ချစ်သူနဲ့ မတွေ့ရတာကြာပြီဖြစ်လို့ အချစ်ကို လိုလားတောင့်တနေချိန်၊ စိတ်ဖိစီးမှုများကြောင့် စိတ်မပျော်ရွှင်ဖြစ်ပြီး စိတ်ဓာတ်ကျနေချိန်၊ အင်တာနက် လူမှုကွန်ရက် စာမျက်နှာကနေ စိတ်ပျော်ရွှင်မှု ရရှိစေမယ့် နေရာတစ်ခုကို ရှာဖွေပြီး သွားလာ ရာကနေ စီချွမ်းပြည်နယ်၊ ရှီးတယ်ခရိုင်က ရီရှင်းလူနေရပ်ကွက်ကို ရောက်ရှိသွားပြီးတဲ့နောက် ဆင်းရဲမှု ပပျောက်ရေး ဆောင်ရွက်မှုတွေထဲမှာ သူမ ဘယ်လိုပါဝင်ခဲ့လဲ။ ဆင်းရဲမှုပပျောက်ရေးစီမံကိန်းကြောင့် နေရာဒေသအသီးသီးကနေ လူနေရပ်ကွက် တစ်ခုစီ အသီးသီးပြောင်းလာကြတဲ့ မိသားစုများရဲ့ ဘဝနေထိုင်မှု အဖုံဖုံနဲ့ သူတို့ လေးစား ချစ်ခင်ကြသူ စည်းရုံးရေးမှူး ကြည်လီကာဂါတို့ အားလုံးဆုံဆည်းကြချိန် ဆင်းရဲမှု ပပျောက်ရေးအတွက် အခက်အခဲပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ခံစား တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဖြစ်ရပ်မှန် ဇာတ်လမ်းကြောင်းအချို့ကို အခြေခံပြီး ရေးသားထားတဲ့ ဒီဇာတ်လမ်းထဲမှာ တရုတ်-မြန်မာ Belt and Road ရထားလမ်း အကြောင်းအရာများ ပါဝင်သလို တရုတ်-မြန်မာ နှစ်နိုင်ငံယဉ်ကျေးမှု၊ နှစ်နိုင်ငံတူညီသောအစားအစာ၊ နှစ်နိုင်ငံ ကုန်စည် စီးဆင်းနိုင်မှု လမ်းကြောင်း၊ ချစ်မေတ္တာတရားနဲ့ လူ့သဘာဝ ထဲက ဆင်းရဲမှုကြောင့်ဖြစ်ပေါ်လာသော အတွေးအခေါ် အားနည်းမှု၊ ဆင်းရဲမှုကြောင့် ပျော်ရွှင်မှုများ ဆိတ်သုဉ်းနေမှု၊ ဆင်းရဲမှုကြောင့် စာရိတ္တ ပျက်ယွင်းမှု၊ ဝင်ငွေကောင်းမရရှိမှု စတဲ့ ပြဿနာပေါင်းစုံကို အဖြေရှာ ပေးရင်း လူအများ ဆင်းရဲမှု ပပျောက်သွားလို့ သောကတွေကင်းပြီး ပျော်ရွှင်မှုတွေ တစ်ဖန် ပြန်ရောက် လာတဲ့အကြောင်း ရေးဖွဲ့ထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ စီချွမ်း ပြည်နယ်၊ ရှီးတယ်ခရိုင်က ဆင်းရဲမှု ပပျောက်ရေးဆောင်ရွက်ချက်များကို အခြေခံကိုးကားပြီး ဇာတ်အတက်အကျ၊ အနိမ့်အမြင့်၊ အချစ်အလွမ်း ခံစားမှုအဖုံဖုံ ရရှိနိုင်စေဖို့ ဇာတ်အိမ်ဖွဲ့ ခံစားရေးဖွဲ့ထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို CRI မြန်မာပိုင်းအစီအစဉ်မှ စီစဉ်ထုတ်လွှင့်ခြင်းဖြစ်ပြီး ဇာတ်လမ်းရေးသားသူမှာ စုသက်မှူး (မရမ်းကုန်း) ဖြစ်ပါတယ်။ CRI မြန်မာပိုင်း ရေဒီယိုအစီအစဉ်များကို  မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲမှ ၆ နာရီခွဲ ကီလိုဟက်စ် ၁၁၈၈၊ ၉၈၈၀ ၊ ည ၇ နာရီခွဲမှ ၈နာရီခွဲ ကီလိုဟက်စ် ၉၈၈၀၊ ၇၄၀၀ ၊ ည ၈နာရီခွဲမှ ည ၉ နာရီခွဲ ကီလိုဟက်စ် ၇၄၀၀ တို့မှ နားဆင်နိုင်ပါတယ်ရှင်။