宋冉

ဒူဘိုင်း ကမ္ဘာ့ ကုန်စည်ပြပွဲတွင် တရုတ်ပြခန်းသို့ လာရောက်လည်ပတ်သူဦးရေ ၁ သိန်းကျော် အထိ ရှိလာ

(GMT+08:00)2021-10-18 16:17:11  

ဒေသစံတော်ချိန် ယခုလ ၁ ရက်နေ့က ဒူဘိုင်းကမ္ဘာ့ကုန်စည်ပြပွဲ ဖွင့်လှစ်ခဲ့ သည့်နောက်ပိုင်းတွင် တရုတ်ပြခန်းသည် ကမ္ဘာ့ နိုင်ငံအသီးသီးတို့မှ ခရီးသည်များ၏ နှစ်သက်မှုခံခဲ့ရသည့်အပြင်၊ ပြည်တွင်းပြည်ပ ဧည့်သည်တော်များ၏ တန်ဖိုးထား ချီးကျူးမှုများလည်း ခံခဲ့ရသည်ဟု China Media Group မှ သတင်းအရ သိရသည်။

ဒူဘိုင်း ကမ္ဘာ့ကုန်စည်ပြပွဲတွင် အကြီးမားဆုံးသော ပြခန်းတစ်ခုအနေနှင့်၊ တရုတ် ပြခန်းသို့ လာရောက်လည်ပတ်သူဦးရေသည် ရက် ၂၀ အတွင်း ၁ သိန်းကျော်လွန်ခဲ့ပြီး၊ ကမ္ဘာ့ကုန်စည်ပြပွဲသို့ လာရောက်ကြည့်ရှုသူ စုစုပေါင်းဦးရေ၏ ၆ ပုံ ၁ ပုံ ရှိပါသည်။

ယခုလ ၁၇ ရက်နေ့အထိ အာရပ်စော်ဘွားများနိုင်ငံ၊ သြစတြီးယားနိုင်ငံနှင့် ရုရှားနိုင်ငံ အပါအ၀င်နိုင်ငံ ၃၀ မှ ကိုယ်စားလှယ်အဖွဲ့များသည် တရုတ်ပြခန်းသို့ လာရောက်ကြည့်ရှု ခဲ့ကြသည်ဟု သတင်းအရ သိရသည်။