宋冉

ပီကင်း အိုလံပစ် အားကစားပွဲတော် အောင်မြင်စွာ ကျင်းပရန်အပေါ် ယုံကြည်မှု အပြည့်အဝရှိသည်ဟု ဘာဟ်ဆို

(GMT+08:00)2021-10-18 16:25:22  

ဒေသစံတော်ချိန် ယခုလ ၁၇ရက်နေ့က နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ ဘာဟ်က China Media Group မှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် ပီကင်း ဆောင်းရာသီ အိုလံပစ် အားကစား ပွဲတော်၏ ပြင်ဆင်ရေးလုပ်ငန်းကို အလွန် ချောမောစွာ ပြုလုပ်နေကြောင်း၊ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ကန့်သတ်မှုများ ခံရသော်လည်း ပီကင်း ဆောင်းရာသီ အိုလံပစ် အားကစား ပွဲတော်၏ ပြင်ဆင်ရေး လုပ်ငန်းတွင် တိုးတက်မှုများ ရရှိခဲ့ကြောင်း၊ ပြိုင်ပွဲ ကျင်းပမည့် အားကစားကွင်းနှင့် အားကစားရုံများကို လွန်ခဲ့သည့် ၃-၄လ ကတည်းကပင် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း၊ ယခုတွင် စမ်းသပ်ပြိုင်ပွဲများကို လုံခြုံစွာ စတင် ကျင်းပခဲ့ကြောင်း၊ ယင်းစမ်းသပ်ပြိုင်ပွဲ ကျင်းပပြီး အားကစားမောင်မယ်များသည် အပြုသဘောဆောင်သော တုံ့ပြန်မှုကို ပြုလုပ်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့သည် ပီကင်း ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော် အောင်မြင်စွာ ကျင်းပရန်အပေါ် ယုံကြည်မှု အပြည့်အဝရှိကြောင်း ပြောကြားသည်။

ထို့အပြင် ဘာဟ်က လက်ရှိအချိန်တွင် နိုင်ငံတကာ အိုလံပစ် ကော်မတီ၏ အဓိက လုပ်ငန်း ၂ ရပ် ရှိကြောင်း၊ တစ်ခုမှာ ပြိုင်ပွဲ စည်းရုံးကျင်းပရေးနှင့် လည်ပတ်ရေး ဖြစ်ကြောင်း၊ နောက်တစ်ခုကတော့ ကပ်ရောဂါ ကာကွယ်ရေး ဆောင်ရွက်ချက် ဖြစ်ကြောင်း၊ လူတိုင်း လုံခြုံစိတ်ချရသော နည်းလမ်းဖြင့် ပြိုင်ပွဲများကို ကြည့်ရှုနိုင်အောင် နိုင်ငံတကာ အိုလံပစ် ကော်မတီသည် ပီကင်း ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲ စည်းရုံးကျင်းပရေး ကော်မတီ၊ တရုတ်ပြည် သက်ဆိုင်ရာ လုပ်ငန်းဌာနများ၊ နိုင်ငံတကာ ပညာရှင်များနှင့် ယခု ဆွေးနွေးနေကြကြောင်းလည်း ပြောကြားသည်။