宋冉

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ တရုတ်တစ်ပြည်လုံး မြို့ပြ အလုပ်အကိုင် ရရှိသူဦးရေ ၁၀သန်း၎သိန်း၅သောင်း အသစ်တိုးလာ

(GMT+08:00)2021-10-18 16:28:59  

အောက်တိုဘာလ ၁၈ ရက်နေ့က တရုတ်နိုင်ငံတော်စာရင်းအင်းဌာနမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ တရုတ်အမျိုးသား စီးပွားရေး လည်ပတ်မှု အခြေအနေကို ထုတ်ပြန်ခဲ့ပါသည်။ ယခုနှစ် ပထမ ၉ လအတွင်း တရုတ်ပြည် အလုပ်အကိုင် နေရာချထားရေး အခြေအနေ တည်ငြိမ်ပြီး၊ တစ်ပြည်လုံးတွင် မြို့ပြ အလုပ်အကိုင် နေရာ ရရှိသူဦးရေ ၁၀သန်း၎သိန်း၅သောင်း အသစ်တိုးများလာ၍ ၂၀၂၁ ခုနှစ် တစ်နှစ်တာလုံး အလုပ်အကိုင်နေရာချထားရေး ရည်မှန်းချက်၏ ၉၅ ရာခိုင်နှုန်း အကောင်အထည်ဖေါ်ဆောင်ပြီ ဖြစ်ကြောင်း ဖေါ်ပြခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။