宋冉

ပီကင်းဆောင်းရာသီအိုလံပစ် စမ်းသပ်ပွဲကြီးတွင် အလှပြ စကိတ်စီးပြိုင်ပွဲကို အဆုံးသတ်ပြီး၊ တာတို အမြန် စကိတ်စီးပြိုင်ပွဲကို စတင်တော့မည်

(GMT+08:00)2021-10-18 16:18:13  

“မြို့တော်ပီကင်း၌တွေ့ဆုံပွဲ” ၂၀၂၁ ခုနှစ် အာရှ အလှပြ စကိတ်စီး open ပြိုင်ပွဲ ကို ယခုလ ၁၃ ရက်နေ့ မှ ၁၆ရက်နေ့အထိ ပီကင်းမြို့တော်အားကစားရုံတွင် ကျင်းပခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

၂၀၂၂ ခုနှစ် ပီကင်းဆောင်းရာသီအိုလံပစ် စမ်းသပ်ပြိုင်ပွဲ တစ်ခုအနေနှင့် ယင်းပြိုင်ပွဲတွင် နိုင်ငံနှင့်ဒေသ ၉ ခုမှ အားကစားသမား ၃၁ ဦးတို့ ပါဝင်ခဲ့ကြသည်။ ယင်းအနက် တရုတ်အားကစားသမား ၁၇ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် ရွှေတံဆိပ် ၄ခုနှင့် တံဆိပ် ၁၂ခုရှိပြီး၊ တရုတ်အသင်းသည် ရွှေတံဆိပ် ၂ခုနှင့် တံဆိပ်                ၅ ခုကို ရရှိခဲ့သည်။

ထို့နောက် ပီကင်းမြို့တော်အားကစားရုံတွင် ကမ္ဘာ့ဖလား တာတို အမြန်နှုန်း စကိတ်စီးပြိုင်ပွဲကို ကျင်းပမည်ဖြစ်ပြီး၊ ယင်းသည်ပိုကြီးမားသည့် စိန်ခေါ်မှုဖြစ်သည်ဟု သတင်းအရ သိရသည်။