宋冉

ဂျပန်နိုင်ငံရေးသမားများ ယာဆူကူနီ နတ်ကွန်းသို့ သွားရောက်ပူဇော်ခြင်းအပေါ် တောင်ကိုရီးယားအစိုးရ စိတ်ပျက်ဝမ်းနည်းကြောင်း ဖော်ပြ

(GMT+08:00)2021-10-18 12:08:53  

ဒေသစံတော်ချိန် ၁၇ ရက်နေ့က ဂျပန်ဝန်ကြီးချုပ်သစ် ကီရှီတာ ဖူမီအို သည် ယာဆူကူနီ နတ်ကွန်းသို့ ပစ္စည်းများ ပူဇော်ခြင်းနှင့် ဂျပန်ဝန်ကြီးချုပ်ဟောင်း စူကာ ရိုရှီဟီတေသည် ယာဆူကူနီ နတ်ကွန်းသို့ သွားရောက်ပူဇော်ခြင်းစသည့် လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ပြီး ယာဆူကူနီ နတ်ကွန်းသည် ဂျပန်၏ ကျူးကျော်ရေးစစ်ပွဲကို လှပအောင် ပြုပြင်မွမ်းမံသည့်၊ စစ်ရာဇ၀တ်ကျူးလွန်သူများကို ပူဇော် ထားသည့် နေရာ ဖြစ်ကြောင်း၊ တောင်ကိုရီးယားအနေဖြင့် ဂျပန်နိုင်ငံရေးသမားများက ယာဆူကူနီ နတ်ကွန်းသို့ သွားရောက် ပူဇော်ခြင်းနှင့် ပစ္စည်းများ ပူဇော်ခြင်းအပေါ် လွန်စွာ စိတ်ပျက်ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါသည်။

ယင်းအပြင် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဂျပန်အစိုးရသည် အစိုးရ အဖွဲ့သစ် တာဝန်ထမ်းဆောင်ခြင်းကို အခွင့်ကောင်းအဖြစ် ထားပြီး လက်တွေ့ကျကျ ဆောင်ရွက်ကာ၊ သမိုင်းကြောင်းကို ရိုးသားဖြူစင်စွာ သံဝေဂရရန် မျှော်လင့်ကြောင်း ဖေါ်ပြခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။