ယခုနှစ်သည် တရုတ်ကွန်မြူနစ်ပါတီ ဖွဲ့စည်းတည်ထောင်ခဲ့သည့် နှစ် ၁၀၀ ပြည့်မြောက်နှစ် ဖြစ်သည်။ တရုတ် အမျိုးသားအာဇာနည်များနေ့ဖြစ်သည့် စက်တင်ဘာလ ၃၀ ရက်နေ့တွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်၊ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်များ၊ အလွှာပေါင်းစုံမှ ကိုယ်စားလှယ်များသည် ထျန်အန်မင် ရင်ပြင်၌ တရုတ်ပြည်သူ့ သူရဲကောင်းများအား ပန်းခြင်းဖြင့် ဂါရ၀ပြုခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။
ယခုခေတ်တွင် တရုတ်အမျိုးသား လွတ်လပ်မှုနှင့် ချမ်းမြေ့သာယာမှုရရှိရန် အတွက်ရော၊ တရုတ်နိုင်ငံတော် ချမ်းသာတောင့်တင်းမှုအတွက်ပါ လူ သန်း ၂၀ ခန့် အသက်ပေးလှူခဲ့ရသည်ဟု သိရပါသည်။