马宁

ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်သည် လွန်ခဲ့သော ဆယ်စုနှစ်ကတည်းက နေရာတစ်ခုခုတွင် ပုန်းအောင်းနေနိုင်ပြီဟု ကောဖူ ဆို

(GMT+08:00)2021-09-28 15:18:15  

ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်သည် လွန်ခဲ့သော ဆယ်စုနှစ်ကတည်းက နေရာတစ်ခုခုတွင် ပုန်းအောင်းနေနိုင်ပြီဟု ကောဖူ ဆို_fororder_高福

  ကိုဗစ်-၁၉ ရောဂါ ဆိုသည့် ကပ်ရောဂါ ဗိုင်းရပ်စ်သည် လွန်ခဲ့သည့် အနှစ် ၂၀၊ ၃၀ လောက် သို့မဟုတ် အနှစ် ၅၀ ကတည်းကပင် နေရာတစ်ခုခုတွင် ပုန်းအောင်းနေနိုင် ပြီဟု တရုတ် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာဥက္ကဋ္ဌ ကောဖူက စက်တင်ဘာလ ၂၅ ရက်နေ့က ကျင်းပခဲ့သော ကျုံးကွမ်ချွင်း ဖိုရမ်တွင် ဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

  မိန့်ခွန်းပြောကြားရာတွင် ဥက္ကဋ္ဌ ကောဖူက ကိုဗစ်-၁၉ ရောဂါ ရင်ဆိုင်ရန် ပြင်ဆင်ရေး လုပ်ငန်းများကို အားဖြည့်ပြုလုပ်ပြီး ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ကို မျှဝေအသုံးပြုရန် ပန်ကြားလိုက်ပါသည်။