宋冉

ပညာမူပိုင်ခွင့် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်ပတ်သက်၍ တရုတ် စာတမ်းကို ထုတ်ဝေ

(GMT+08:00)2021-09-23 13:57:56  

ယခုတလော တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီသည် “ပညာ မူပိုင်ခွင့်အင်အားတောင့်တင်းသောနိုင်ငံ ထူထောင်ရေးအကျဉ်းချုပ် (၂၀၂၁-၂၀၃၅ ခုနှစ်)” ကို ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

၂၀၂၅ ခုနှစ်ရောက်လျှင် ကုန်ပစ္စည်းတံဆိပ်ဆိုင်ရာ ယှဉ်ပြိုင်စွမ်းအား များစွာတိုးတက် လာမည် ဖြစ်သည်။ သီးခြားပိုင်ဆိုင်ခွင့်ပေါကြွယ်သော လုပ်ငန်း၏ တန်ဖိုးတိုးနှုန်းသည် ဂျီဒီပီ၏ (၁၃) ရာခိုင်နှုန်းရှိပြီး မူပိုင်ခွင့်လုပ်ငန်း၏ တန်ဖိုးတိုးနှုန်းသည် ဂျီဒီပီ၏ (၇.၅) ရာခိုင်နှုန်းရှိကာ ပညာမူပိုင်ခွင့်အသုံးပြုစရိတ် တစ်နှစ်တာ တင်သွင်းတင်ပို့မှုပမာဏသည် တရုတ်ငွေယွမ် ဘီလီယံ(၃၅၀)ရှိမည် ဖြစ်ပါသည်။

၂၀၃၅ ခုနှစ်ရောက်လျှင် တရုတ်နိုင်ငံ၏ ပညာမူပိုင်ခွင့် အထွေထွေယှဉ်ပြိုင်စွမ်းအား သည် ကမ္ဘာ့ရှေ့တန်းနေရာတွင် တည်ရှိမည် ဖြစ်သည်။  ပညာမူပိုင်ခွင့်စနစ်ပြည့်စုံမည်၊ ပညာမူပိုင်ခွင့်သည် ဆန်းသစ်တီထွင်ရေးလုပ်ငန်းများ မြိုင်မြိုင်ဆန်ဆန် ဖွံ့ဖြိုး တိုးတက်အောင် တွန်းအားပေးမည်၊ တရုတ်စတိုင်၊ ကမ္ဘာ့အရည်အချင်းဖြစ်သော ပညာ မူပိုင်ခွင့်အင်အား တောင့်တင်းသောနိုင်ငံကို အခြေခံအားဖြင့် ထူထောင်သွားမည် ဖြစ် သည်ဟု သိရသည်။