宋冉

ဒူဘန်ကြေညာစာတမ်းနှင့်ဆောင်ရွက်ချက်အစီအစဉ် အတည်ပြုခဲ့သည့် နှစ် ၂၀ ပြည့်မြောက်ခြင်းဆိုင်ရာ အဆင့်မြင့် အထိမ်းအမှတ်အစည်းအဝေး ဝမ်ယိတက်ရောက်

(GMT+08:00)2021-09-23 14:09:18  

 စက်တင်ဘာလ ၂၂ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဗီဒီယိုပုံစံဖြင့် ဒူဘန်ကြေညာစာတမ်းနှင့် ဆောင်ရွက်ချက် အစီအစဉ် အတည်ပြုခဲ့သည့် နှစ် ၂၀ ပြည့်မြောက်ခြင်းဆိုင်ရာ အဆင့်မြင့် အထိမ်းအမှတ် အစည်းအဝေးကို တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ဒူဘန်ကြေညာစာတမ်းနှင့်ဆောင်ရွက်ချက်အစီအစဉ်သည် ကမ္ဘာ့ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သောအလံဖြစ်သလို နိုင်ငံအသီးသီးတို့၏ တူညီသော ကတိပြုချက်လည်းဖြစ် သည်။ ယင်းဆောင်ရွက်ချက်အစီအစဉ် အတည်ပြုခဲ့သည့် နှစ် ၂၀ ပြည့်မြောက်သည့် အချိန်သမယတွင် အထိမ်းအမှတ် အစည်းအဝေး ကျင်းပခြင်းကို တရုတ်ပြည်က ကြိုဆိုပြီး ပြတ်ပြတ်သားသား ထောက်ခံအားပေးကြောင်း၊ တရုတ်ပြည် အနေနှင့် နိုင်ငံအသီးသီး တို့နှင့်အတူ လူမျိုးရေးခွဲခြားအထင်သေးမှုဝါဒကို လုံးဝပပျောက်စေရေး၊ လူတန်းစား ညီမျှသော လူ့အဖွဲ့အစည်းကို တည်ဆောက်ရန် အဆက်မပြတ် ကြိုးပမ်း အားထုတ်မည် ဖြစ်ကြောင်း ဝမ်ယိက ပြောကြားပါသည်။