宋冉

လယ်သမားများ၏ နေထိုင်မှုဘဝ တစ်ရက်ပြီးတစ်ရက် ပိုမိုကောင်းမွန်စေရေးကို ဆောင်ရွက်ရမည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2021-09-23 13:45:54  

စတုတ္ထအကြိမ် တရုတ်လယ်သမားများ ရိတ်သိမ်းပွဲတော် ကျရောက်လာသည့် အခါသမယတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ပါတီဗဟို ကော်မတီကို ကိုယ်စားပြုပြီး တစ်ပြည်လုံးရှိ လယ်သမားများနှင့် လယ်ယာစိုက်ပျိုးရေး၊ ကျေးလက် ဒေသနှင့် လယ်သမားကဏ္ဍ ၃ခုတွင် အလုပ်ကြိုးစားနေသော ဝန်ထမ်းများအား  တရုတ် လယ်သမားများ ရိတ်သိမ်းပွဲတော်နေ့ ဆုမွန်ကောင်းတောင်းပေးလိုက်ပြီး စိတ်ရင်း သန့်သန့်ဖြင့် ထောမနာပြု နှုတ်ခွန်းဆက်သခဲ့ပါသည်။

ရှီကျင့်ဖိန်က အမျိုးသားရှင်သန်ရေး အကောင်အထည်ဖော်ဆောင်ရန် ကျေးလက် ဒေသကို ဖွံဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း၊ ပါတီကော်မတီနှင့် အစိုးရအဆင့်ဆင့်မှ ချထားသော လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဒေသနှင့် လယ်သမား ကဏ္ဍ ၃ခုဆိုင်ရာ မူဝါဒနှင့် စီမံခန့်ခွဲရေးဆုံးဖြတ်ချက်များကို အစဉ်တစိုက် ကျင့်သုံး ရမည်ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဦးစားပေးခြင်း၊ လယ်ယာ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသများကို ခေတ်မီအောင် အရှိန်မြှင့်တင်ရေး၊ လယ်သမား များ၏ နေထိုင်မှုဘဝ တစ်ရက်ပြီးတစ်ရက် ပိုမိုကောင်းမွန်စေရေးကို ဆောင်ရွက် ရမည်ဖြစ်ကြောင်း အလေးထား ပြောဆိုခဲ့ပါသည်။