宋冉

တရုတ်ပြည်သည် လူ့အခွင့်အရေးကောင်စီ အစည်းအဝေး၌ ရှင်းလင်းပြောကြား

(GMT+08:00)2021-09-23 14:02:17  

ယခုလ ၂၂ ရက်နေ့က ကုလသမဂ္ဂ ဂျီနီဗာဆိုင်ရာ တရုတ်အမြဲတမ်း ကိုယ်စားလှယ် ချိန်ရွှီသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၈ ကြိမ်မြောက် အစည်းအဝေး သက်ဆိုင်ရာ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ရာ၌ တရုတ်ပြည်၏ လူ့အခွင့်အရေးအယူဝါဒနှင့် အောင်ကျိုးရလဒ်များကို ဘက်ပေါင်းစုံ ရှင်းလင်းဖော်ပြခဲ့ သည်ဟု China Media Group မှ သတင်းအရ သိရသည်။

ချိန်ရွှီက တရုတ်အစိုးရသည် မကြာခင်က (နိုင်ငံတော် လူ့အခွင့်အရေး လုပ်ဆောင်မှု စီမံကိန်း ၂၀၂၁-၂၀၂၅) ကို ထုတ်ပြန်ခဲ့ခြင်းဖြင့် တရုတ်ပြည်သူများ၏ လူ့အခွင့်အရေး အရပ်ရပ်ကို ပိုမိုအရည်အသွေးမြင့်မားစွာ အာမခံပေးရန် အားထုတ်ကြိုးပမ်းခဲ့ကြောင်း၊ တရုတ်ပြည်အနေနှင့် နိုင်ငံတကာ လူ့အခွင့်အရေး တာဝန်ဝတ္တရားကို တိကျစွာ ထမ်းဆောင်မည်ဖြစ်ပြီး နိုင်ငံတကာ လူ့အခွင့်အရေး ပူးပေါင်းဆောင်ရွက်မှုတွင် နက်ရှိုင်းစွာ ပါဝင်ကာ နိုင်ငံတကာ လူ့အခွင့်အရေးကိစ္စရပ်များ ဖွံ့ဖြိုးရေးအတွက် တရုတ်ဥာဏ်ပညာနှင့် တရုတ်ဖြေရှင်းနည်းများကို ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။